Part - 15 ❤️🩺

2.2K 85 3
                                    

(Unicode)

မနက်မိုးလင်းတော့ ကားပေါ်ကဆင်းဆင်းခြင်း သူဇာသွယ်သည် ချက်ချင်း Taxi ငှားပြီး ဆေးရုံသို့အလျင်အမြန်သွားသည်။ကံကောင်းချင်တော့ စုအမေတက်တဲ့ဆေးရုံက မမသွယ် တာ၀န်ကျတဲ့ဆေးရုံဖြစ်နေတာပေါ့။ဂျူဂျူနဲ့နန္ဒာကိုတော့ အိမ်ပြန်ဖို့ကိုပင်မှာခဲ့လိုက်သည်။
.
.
.
"ကလေးမရယ် အရမ်းမငိုပါနဲ့ကွယ် အန်တီဘာမှမဖြစ်လောက်ပါဘူးကွယ်"

"စုမှာ ဒီအမေတစ်ယောက်ပဲရှိတာ မမသွယ်ရဲ့ အမေသာသေရင် စုရူးသွားလိမ့်မယ်"

"ခဏနေရင် ဆေးရုံရောက်တော့မယ်နော် စိတ်အေးအေးထား"

"ဟုတ်ကဲ့ပါ မမသွယ်"
.
.
.
ဆေးရုံရောက်ရောက်ချင်း စု ဆေးရုံကိုအပြေး၀င်သွားသည်။သူဇာသွယ်ကတော့ အနောက်မှပြေးလိုက်နေရသည်။ခွဲခန်းရှေ့ရောက်တော့ စု အမေကိုဆေးရုံလာပို့ပေးတဲ့ အန်တီကြီးကိုတွေ့တော့

"အန်တီ သန္တာ အမေရယ်ဘယ်လိုဖြစ်တာလဲဟင်"

"သမီးအမေညဘက် အန်တီ့ဆိုင်မှာဈေးလာ၀ယ်တာ။ဈေး၀ယ်ပြီး ပြန်အထွက်မှာ ကားတစ်စီးက ဖြတ်တိုက်သွားတယ်....အန်တီတို့လဲ ချက်ချင်းဆေးရုံကိုလာပို့ပေးပြီးစောင့်နေတာ ခွဲခန်းထဲ၀င်သွားတာတော်တော်ကြာပြီ"

"အဲ့ကားကရောဟင်....."

"တိုက်ပြီး ထွက်ပြေးသွားတယ် သမီးရယ်"

"လူယုတ်မာတွေ....."

"ကလေးမ စိတ်ထိန်းလေကွယ် ကလေးမပါ ထပ်ပြီးထိခိုက်နေမယ် အခုခွဲခန်းထဲ၀င်တဲ့ဆရာက တို့နဲ့ရင်းနှီးတယ်အဆင်ပြေပါမှာ"

"အင်းပါ မမသွယ်ရယ်"

ခဏကြာတော့ ‌ခွဲခန်းထဲက ဆရာ၀န်ထွက်လာတယ်။မျက်နှာကတော့ မကောင်းပေ။သူဇာသွယ်က ချက်ချင်းပင်သိလိုက်သည်။ဒီလိုကိစ္စကို သူ့ကလေးမ ခံနိုင်ရည်ရှိပါ့မလား တွေးပြီးစိတ်ပူမိသည်။

"ဆရာ....စု အမေအခြေအနေ ဘယ်လိုလဲဟင် စုအမေသက်သာတယ်မလားဟင်...."

'ကလေးမရယ် စိတ်ခိုင်ခိုင်ထားဖို့လို့မယ်ကွယ်' သူဇာသွယ်တစ်ယောက် စုရဲ့လက်ကလေးကို ဆုပ်ကိုင်ထားပေးလိုက်သည်။

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now