Part - 9 ❤️🩺

1.9K 77 0
                                    

(Unicode)

ကျွန်မတို့ ဈေးပတ်၀ယ်ပြီးတော့ မမသွယ်က ကျွန်မကို အိမ်ပြန်လိုက်မပို့ခင် တိတ်ဆိတ်တဲ့နေရာလေးကိုပို့ပေးတယ်။

"ကလေးမ ကြည့်ရတာစိတ်တွေ မွန်းကျပ်နေတယ်ထင်လို့ ဒီနေရာလေးကိုပို့ပေးတာ ကလေးမ စိတ်ညစ်စရာတွေရှိရင် မမကိုရင်ဖွင့်လေ မမနားထောင်ပေးမှာပေါ့"

"ဟုတ်ကဲ့ ရပါတယ် မမသွယ်ရယ်"

"ပြောပါကလေးမရယ်.....မမကို ရင်ဖွင့်လို့ရပါတယ် မမကို ကလေးမ ယုံကြည်လို့ရပါတယ်ကွယ်"

မမသွယ်ပြောလိုက်တဲ့စကားမှာ ကျွန်မ မျက်ရည်တွေစီးကျပြီး မမသွယ်ရဲ့ ရင်ခွင်ထဲကို ၀င်ပြစ်လိုက်တယ်။နောက်တော့ မမသွယ်ကို ဖြစ်ပျက်သမျှ အကြောင်းအရာတွေကိုလဲ ပြောပြလိုက်တယ်။

"ကလေးမရယ်......၀မ်းနည်း‌မနေနဲ့တော့နော် မမရှိတယ်။ကလေးမ အနားမှာ မမအမြဲရှိတယ်"

"မမသွယ်က စုအပေါ်အရမ်းကောင်းတာပဲနော်"

ကလေးမရယ် မင်းကိုတို့ချစ်တယ်လေ။မင်းလေးသိသင့်တယ်။

"မမက ကလေးမကိုညီမလေးတစ်ယောက်လိုချစ်လို့ပါကွယ်။ကလေးမ ငိုနေရင်မမ မကြည့်ရက်ဘူးကွယ်"

ကျွန်မ မသုံးချင်တဲ့မုသားတွေ သုံးပြီး ကလေးမကို လိမ်ညာလိုက်တယ်။အခုချိန်ဖွင့်ပြောရင် သူ့အပေါ်အခွင့်‌အရေးယူသလိုဖြစ်နေမှာပေါ့။ကလေးမ ရင်ထဲအပြည့်အ၀နေရာယူချင်တယ်။အဲ့တာကြောင့်လဲ အခုလိုလိမ်ရတာပါကွယ်။

"မမသွယ်ရယ်.....မမသွယ် စုအပေါ်အရမ်းကောင်းတာပဲ စုလေ စိတ်တွေ အရမ်းပင်ပန်းတာပဲ။တစ်ခါတစ်လေ စုသေသွားရင်ကောင်းမယ်နော်.....ဟင့်"

"ကလေးမရယ် အဲ့လိုမတွေးရဘူးလေကွယ်။ကဲ.....၀အောင်သာငို....ပြီးရင် ကလေးမကို မမပျော်ရွှင်အောင်ထားမယ်နော်။
မမအတွက် ကလေးမ အသက်ဆက်ရှင်မှဖြစ်မယ်.."

"ရှင်........"

"မမဆိုလိုချင်တာ ကလေးမမှာ လှပတဲ့အနာဂတ်ရှိတယ်လေ။အဲ့တာကြောင့် သေလို့မဖြစ်ရသေးဘူးလေကွယ်"

"အင်းပါ မမသွယ်ရယ်"

မမသွယ်ရယ် စုကို ချစ်ရဲ့သားနဲ့လိမ်ညာနေတာလားဟင်။ကျွန်မမေးလိုက်ချင်တယ်။ဒါပေမယ့် မမသွယ် အခုလိုဂရုစိုက်ပေးတာကို အခွင့်အရေးယူသလိုဖြစ်နေလိမ့်မယ်။မမသွယ် ကိုငယ်ချစ်မိပြီထင်တယ်။

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now