Part - 10 ❤️🩺

2.2K 87 1
                                    

(Unicode)

ကျွန်မတို့ အေးမြသာယာကားဂိတ်မှာ မမသွယ်ရဲ့ သူငယ်ချင်းကိုထိုင်စောင့်နေရင်း ဗိုက်ကဆာလာတယ်။

"ကလေးတွေ ဗိုက်ဆာနေပြီလား"

"ဟုတ်ကဲ့ မမ"

"အဲ့တာဆို ဒီနားမှာရှိတဲ့ ဆိုင်မှာ၀င်စားကြမယ်လေ"

"ဟုတ်ကဲ့"

ကျွန်မတို့ သူငယ်ချင်းတစ်စုလဲ မမသွယ်ခေါ်ရာနောက်ကိုလိုက်ခဲ့တော့ ရှမ်းခေါက်ဆွဲဆိုင်လေးကိုရောက်နေပြီ။

"ကဲ ကလေးမတွေ ကြိုက်တဲ့ဟာမှာစားကြ"

"ဟုတ်ကဲ့မမ"

"ဟဲ့ နင်တို့နှစ်ယောက်ပဲ Menu စာရွက်မယူကြနဲ့လေ တို့ကိုလဲပေးအုံး"

"ဆောရီး မမ....ဟီး.."

မမသွယ်က ဂျူဂျူ့ဆီက Menu စာရွက်ကိုယူပြီး ကျွန်မကိုပြတယ်။

"ကလေးမ ဘာစားမလဲ"

"ရပါတယ် မမသွယ်ရဲ့ စုဘာဖြစ်ဖြစ်စားပါ‌တယ်"

"ဟုတ်ပြီ ဒါဆိုမမ မှာလိုက်ပြီနော်"

"ဟုတ်ကဲ့ မမသွယ် စုအမေ့ကိုဖုန်းဆက်လို့ရလား"

"ဟော....ကလေးမရယ် ရပါတယ်ကွယ်"

"ဟုတ် အဲ့တာဆို စု ဖုန်းဆက်လိုက်အုံးမယ်နော်"

ကျွန်မ ဖုန်းကိုယူပြီး ဆိုင်ရှေ့ထွက်လာလိုက်တယ်။မမသွယ်ရဲ့ ရှေ့မှာ အမေနဲ့ဖုန်းပြောရင် အမေနေမကောင်းတာသိပြီးစိတ်ပူနေလိမ့်မယ်။အဲ့တာကြောင့်မို့လို့ ဆိုင်ရှေ့ထွက်ဆက်ရသည်။

"ဟယ်လို....အမေ"

"အေး သမီးလေး အဆင်ပြေရဲ့လား"

"ပြေပါတယ် အမေရဲ့ မမသွယ်ကလဲ သမီးကိုဂရုစိုက်တယ်"

"ဟုတ်ပါပြီကွယ်.......အဟွတ်...."

"အမေ အဆင်ပြေရဲ့လား"

"ပြေပါတယ်ကွယ် သမီးသာဂရုစိုက် ဒါပဲနော် သမီး အမေ ဘုရား၀တ်ပြုမလို့ ဖုန်းချလိုက်ပြီနော်"

"ဟုတ်ကဲ့ပါ အမေ"
.
.
.
"လာ ကလေးမ ပူပူနွေးနွေးလေးစား"

"ရှမ်းခေါက်ဆွဲကတော့ လေးပွဲမှာထားလိုက်တယ်။ရှမ်းပြည်ရောက်တုံးလေး တို့ဟူး‌နွေး လေးစားဖူးတယ်ရှိအောင် နှစ်ယောက်တစ်ပွဲ မှာလိုက်တယ်။အဆင်ပြေကြလား"

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now