Part - 13 ❤️🩺

2.2K 83 2
                                    

(Unicode)

အိမ်ပြန်ရောက်ရောက်ချင်း မမသွယ်က ဂျူဂျူနဲ့ နန္ဒာ့ကို ဗိုက်ခေါက်တွေလိမ်ဆွဲနေရင်း

"ပြောစမ်းပါဦး ဘယ်လိုတွေတောင်လိမ်ထားရတာလဲ"

"မမ ဂျူဂျူတို့နာတယ် လွှတ်ပေးပါ ဒီကိစ္စကို မမနဒီမောင်လဲသိတယ်"

"ဘယ်လို......."

သူဇာသွယ်သည် ချက်ချင်းပင် နဒီမောင့်ဆီအကြည့်ရောက်သွားသည်။နဒီမောင် တစ်ယောက်ကတော့ မျိုးရဲ့အနောက်မှာ နေရင်း

"မသူဇာ နော်နဒီ့ကို အဲ့လိုလာမကြည့်နဲ့ နဒီလဲ ဒီနေ့မှ သိတာ အဲ့ဟာလေးတွေက စီစဉ်ထားတာကြာပြီတဲ့"

"ဘာကိုစီစဉ်ထားတာလဲ"

"ဂျူဂျူပြောပြမယ် ဂျူဂျူနဲ့နန္ဒာ့ကိုလွှတ်ပေး"

"ကောင်းပြီလေ"

မမသွယ်က သူတို့နှစ်ယောက်ကိုလွှတ်ပေးလိုက်တယ်။ကျွန်မကတော့ ဘာတစ်ခုမှနားမလည်တော့ဘူး။မမသွယ် ကျွန်မ ကို
ချစ်တယ်လို့ ပြောပြီးထဲက ကျွန်မစိတ်နဲ့ကိုယ်နဲ့မကပ်တော့ဘူး။

"ဒီလို မမရဲ့ မမ စုကိုချစ်နေတာ ဂျူဂျူတို့ အကုန်လုံးသိတယ်လေ"

အဲ့လိုပြောလိုက်တော့ ချက်ချင်းမမသွယ်ရဲ့ မျက်နှာကြီးရဲသွားတယ်။ကျွန်မကတော့ မမသွယ်ကိုကြည့်ပြီးရယ်လိုက်ချင်မိတယ်။

"အဲ့တာနဲ့ ဂျူဂျူတို့က အောင်သွယ်ပေးတာပါ နောက်မို့ဆို မမက စုကိုဖွင့်ပြောမှာမဟုတ်ဘူးလေ"

"အဲ့တာနဲ့ပဲ လူကြီးကိုစိတ်ပူအောင်လုပ်တယ်ပေါ့"

"မမကလဲ မမ၀န်ခံအောင်လို့ပါ အခုမမက စုကိုဖွင့်ပြောပြီးပြီ စုဘက်ကရော"

အကုန်လုံးရဲ့အကြည့်တွေ ကျွန်မဆီကိုရောက်လာတယ်။မမသွယ်ကတော့ မျှော်လင့်ချက်အပြည့်နှင့် ကျွန်မကိုစိုက်ကြည့်နေတယ်။

"စုကို အချိန်အတိုင်းအတာတစ်ခုထိတော့ စောင့်ပါ"

"အင်းပါ ကလေးမသဘော တို့ကတော့ ကလေးမကိုချစ်နေရတာနဲ့ကျေနပ်တယ်"

"အေး ငါတို့သူငယ်ချင်းနင်လေးကလဲ နွားဆက်ဖြစ်မနေနဲ့ ငါတို့မမကို ချစ်ပေးလိုက်"

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now