Part - 11 ❤️🩺

2.1K 82 2
                                    

(Unicode)

နေ့လည်စာ စားချိန်ရောက်တော့မျိုးက ကျွန်မတို့ကို လိုက်နှိုးခဲ့တယ်။ထမင်းစားခန်းထဲမှာတော့ ဟင်းပွဲတွေအစုံအလင်ကိုတွေ့ရတော့ ကလေးတစ်သိုက်က ပျော်သွားတာပေါ့။

"မျိုးရဲ့ အမျိုးသမီးက ဘယ်တော့ပြန်ရောက်မှာလဲ"

"မောင် ကညနေလောက်မှပြန်ရောက်မယ်"

"ဟုတ်ပါပြီ ဒါနဲ့မနက်ဖြန် ‌စပြီးခရီးစဉ်စတော့မလို့"

"ကောင်းတာပေါ့ မျိုးတောင် ဒီညနေ မြို့ထဲကအထင်ကရနေရာတချို့လိုက်ပြမလို့"

"ကောင်းတာပေါ့"

မမသွယ်နဲ့မမမျိုး စကားပြောနေတုံး ကျွန်မတို့ တစ်သိုက်ကတော့ ထမင်းစားပြီးသွားလေပြီ။

"ဟယ်....ကလေးတွေစားတာမြန်လိုက်တာ"

"ကောင်းတာကို မမျိုးရဲ့"

"ဟုတ်ပါပြီ လိုတာရှိရင် ‌အန်တီဌေးကိုပြောလိုက်နော်"

"ဟုတ်ကဲ့ပါ မမျိုးရဲ့ ဒါနဲ့ ဂျူဂျူတို့ခြံထဲခဏဆင်းမယ်နော်"

"ဟုတ်ပါပြီ"

"အဲ့တာဆို ကလေးတွေ လျှောက်ကစားမနေနဲ့ မမအပေါ်မှာတက်နားလိုက်အုံးမယ် ညနေကျအပြင်သွားဖို့အားမွေးဦးမယ်"

"ဟုတ်ကဲ့ပါ မမ"
.
.
.
.
.
"Wow......ခြံထဲမှာ ပန်းတွေစုံနေတာပဲ လှလိုက်တာ"

"စုရေ စု ဒီမှာလာကြည့် နင်အကြိုက်ဆုံးနှင်းဆီပန်းတွေ"

ဂျူဂျူခေါ်တဲ့နေရာကို ကျွန်မရောက်လာတယ် 'လှလိုက်တဲ့နှင်းဆီပန်းတွေ' ကျွန်မ နှင်းဆီတွေကိုမြင်မြင်ချင်းပျော်သွားခဲ့တယ်။နှင်းဆီကို တခြားအရောင်တွေထက် အနီရောင်ကိုပိုမြတ်နိုးတယ်။ကျွန်မလဲ နှင်းဆီပန်းလေးတွေကိုနမ်းရှိုက်နေလိုက်တယ်။
.
.
.
တစ်ဖက်မှာတော့ စုကိုပြတင်းပေါက်ကကြည့်ရင်း ဖုန်းဖြင့်ဓာတ်ပုံရိုက်နေသူတစ်ဦး။'ကလေးမရယ် ပျော်နေလိုက်တာများ ချစ်ဖို့ကောင်းလိုက်တာ။ဖြစ်နိုင်ရင် ကလေးမကို အမြဲပျော်စေချင်တယ်။ကလေးမ ခံစားရတာတဲ့အရာတွေကို တို့ကုသပေးချင်တယ်။လူနာတစ်ယောက်လိုမဟုတ်ဘဲ ချစ်သူတစ်ယောက်အနေနဲ့ပေါ့'

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now