Part - 8 ❤️🩺

2.2K 88 4
                                    

(Unicode)

ညဘက်ရောက်တော့ ကျွန်မဖုန်းလေးခဏသုံးလိုက်တယ်။ကျွန်မ လိုင်းမသုံးတာကြာတော့ ဘာတွေဘယ်လိုဖြစ်နေပြီမှန်းမသိ။စာမေးပွဲပြီးထဲက ဖုန်းမကိုင်ရတာ အခုညကျမှပဲ သုံးရတော့တယ်။ဒီညတော့ အ၀သုံးပြစ်အုံးမယ်။

ကျွန်မ ဖုန်းမှာ Noti တက်လို့ကြည့်မိတာ မမသွယ်ကျွန်မအကောင့်ကိုလာ Add ထားတာပဲ။ကျွန်မလဲ မမသွယ့် Account ကိုချက်ချင်းလက်ခံလိုက်တယ်။နောက်တော့ ကျွန်မတစ်စုံတစ်ယောက်ရဲ့ Account ထဲ၀င်ကြည့်မိတယ်။‌ကိုယ်နဲ့ မဆိုင်တော့တဲ့ Account ကို၀င်ကြည့်ရတာ ပင်ပန်းလိုက်တာနော်။သူအနားမှာမရှိရင်တောင် အနည်းဆုံးတော့သူ့လှုပ်ရှားမှုလေးတွေကြည့်လို့်ရ‌တာပေါ့။

ရုတ်တရက် ကျွန်မကို တစ်ယောက်ယောက်က Messenger မှာစကားလာပြောတယ် 'ကလေးမ ဘာလုပ်နေလဲတဲ့' မမသွယ်ကျွန်မကို စာပို့တာပဲ။ပျော်သွားတာပေါ့ မမသွယ်က ကျွန်မကို စာလာပို့တော့။ကျွန်မလဲ ချက်ချင်း Seen ပြပြီး စာပြန်တာပေါ့ 'ဘာမှမလုပ်ပါဘူး မမသွယ်ရယ်' စာပို့လိုက်တုံးပဲရှိသေးတယ် ချက်ချင်း Seen ပြတယ်။ခဏကြာတော့မမသွယ်စာထပ်ပို့တယ်။

'ကလေးမ ထမင်းစားပြီးပြီလား' (Flirt တဲ့ စကေးကကောင်းတယ်နော် 🙂)

'ပြီးပါပြီ မမသွယ်ရဲ့ မမသွယ်ကရော'

'မမလဲပြီးပြီ ကလေးမ Account က Active now ဖြစ်နေလို့ စကားလာပြောတာ'

'ဟုတ်ကဲ့ မမသွယ် မမသွယ်ကရော ဘာလုပ်နေလဲ'

'မမက ကလေးမနဲ့စကားပြောနေတယ်လေ'

'ဟုတ်ကဲ့ မမသွယ်'

တော်တော်ကြာတဲ့ထိ ကျွန်မတို့ စကားမပြောဖြစ်သေးဘူး။တစ်နာရီလောက်ကြာကာမှ မမသွယ်က ကျွန်မကို စာပို့ပြန်တယ်။

'ကလေးမ'

'ရှင်.....ဘာဖြစ်လို့လဲမမသွယ်'

'မမ ကလေးမအကြောင်းသိချင်လို့ ပြောပြပါလား'

'မမသွယ် ဘာသိချင်လဲဟင်'

'အကုန်ပေါ့ ကလေးမရဲ့ မင်းနဲ့ပတ်သက်ရင် အကုန်သိချင်တယ်'

'ဟုတ်ကဲ့ပါ မမသွယ်ရယ်'

ကျွန်မလဲ မမသွယ်ကိုအကုန်လုံးပြောပြလိုက်မိတယ်။ကျွန်မမိသားစုအကြောင်းကတော့ မပါမဖြစ်ပေါ့။ကျွန်မ အဖေအိမ်ထောင်ရေးဖောက်ပြန်တဲ့အကြောင်းပြောပြလိုက်တော့ မမသွယ်က ကျွန်မကိုသနားတဲ့ပုံပါပဲ။နောက်တော့ မမသွယ်က ကျွန်မအကြိုက်တွေမေးလာတယ်။

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now