Part - 12 ❤️🩺

1.9K 80 0
                                    

(Unicode)

ကားလေးစီးရင်းနဲ့ပင် ကျွန်မတို့ ညဈေးရှိရာကိုရောက်လာခဲ့ပြီ။လူတွေစည်းကားနေတာ လူစုကွဲမှာတောင်ကြောက်ရတယ်။စုတို့လဲကားပေါ်က ဆင်းပြီး

"ကဲ ကလေးတွေလူစုခွဲမယ်"

"ဂျူဂျူနဲ့ မမျိုးနဲ့ကတစ်တွဲ နဒီမောင်နဲ့ နန္ဒာနဲ့ကတစ်တွဲ စုနဲ့မမနဲ့က တစ်တွဲ ဘယ်လိုလဲ"

"မမကလဲ ဂျူဂျူက ဂျူဂျူတို့သူငယ်ချင်းသုံးယောက်အတူတူသွားချင်တာ"

"ကလေးတွေပဲဆိုဘယ်ဖြစ်မလဲ"

"ရပါတယ် သူဇာရယ် သူတို့ကလေးသုံးယောက်က တစ်တွဲ တို့လူကြီးသုံးယောက်က တစ်တွဲပေါ့"

"အင်းပါ ထားပါတော့"

ဒီလောက်လူများတဲ့နေရာမှာ ကလေးမကိုစိတ်မချဘူးကွယ်။

တစ်ဖက်က ဂျူဂျူနဲ့ နန္ဒာကတော့ သူတို့စီစဉ်တဲ့အတိုင်း ဖြစ်လာသည်မို့ ကြိတ်ပြုံးနေကြသည်။

ခဏကြာတော့ သူတို့လဲဈေးတန်းထဲ၀င်ရင်း အတွဲ နှစ်တွဲခွဲသွားကြပြီး ဈေးထိပ်မှာပြန်ဆုံရန်သတိပေးလိုက်သည်။
.
.
.
"ဟိုမှာ ဂျူဂျူ ပလာတာတွေ"

"လာလေ ငါတို့၀င်စားကြ‌ရအောင်"

"အိုကေ"

ကျွန်မတို့ ပဲပလာတာ ဆိုင်လေးတွေ့တာမို့လို့ စားချင်စိတ်နဲ့၀င်လာလိုက်တယ်။ဒီညနေ ဘာကြောင့်မှန်းမသိ ကျွန်မစိတ်ထဲ ဟိုနှစ်ယောက်ကို တမျိုးထင်နေတယ်။

"ဒါပြီးရင် ငါ ဟိုဘက်ထိပ်က ရှမ်း၀တ်ဆုံလေးတွေရှိတဲ့ဆိုင် တွေ့ထားတယ်"

"ပြီးရင်သွားကြမယ်လေ"

"ဂျူဂျူနဲ့နန္ဒာ သိပ်လဲ အဝေးကြီးမသွားကြနဲ့အုံး တော်ကြာလမ်းပျောက်နေမယ်"

"အေးပါနင်ကလဲ"
.
.
.
ခဏကြာတော့ နန္ဒာပြောထားတဲ့ ဆိုင်လေးကိုရောက်သွားခဲ့တယ်။ကျွန်မနဲ့ နန္ဒာကတော့ အထည်လေးတွေကြည့်နေတာပေါ့။

နန္ဒာက ဂျူဂျူ့ကိုအချက်ပေးသလိုမျက်စိပြစ်ပြလိုက်တော့ ဂျူဂျူက အစ်မကိုဖုန်းဆက်တော့သည်။

"ဟယ်လို ဂျူဂျူ"

"ဟယ်လို မမ ဂျူဂျူတို့ကိုလာကယ်ပါအုံး"

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now