Part - 4 ❤️🩺

2.6K 97 0
                                    

(Unicode)

"မမကလဲ...ကြာလိုက်တာ ဒီမှာဂျူဂျူက စားချင်‌ေနပြီ"

"ဒီဟာမလေးကတော့လေ.....ရော့ ၀အောင်စား"

"နန္ဒာလဲစားလေ...."

"ဟုတ်ကဲ့.....မမ"

"စု ကြက်ပေါင်ကြိုက်တယ်မလား"

"ဟုတ်.....စုကဘာဖြစ်ဖြစ်စားပါတယ်"

"ရော့....၀အောင်စားနော်...စု"

"ဟုတ်ကဲ့ မမသွယ်"

"အော်....ဒါနဲ့ဂျူဂျူ မမကိုခုနက ဆိုင်ရောက်မှပြောမယ်ဆိုတာဘာလဲ"

"ဘာဖြစ်ရမလဲ မမရယ်.....ဟိုနွားလားဥဿဖလေ သူ့ကောင်လေးက မနက်ကသူနဲ့တစ်ခုခုဖြစ်လားမသိဘူး။မုန့်စားဆင်းတော့ နန္ဒာနဲ့သမီး နဲ့ကမုန့်ဈေးတန်းသွားတာ....အဲ့မှာလေ ဟိုကောင်က ကောင်မလေးတစ်ယောက်နဲ့ စကားတွေပြောနေလိုက်တာ.....ပြုံးလို့ပျော်လို့......အဲ့တာကို အဲ့နွားမကိုပြောတော့ သူငယ်ချင်းနေမှာပါတဲ့ မမရယ်။ဂျူဂျူလေ အဲ့ဟာမကိုတကယ်လုပ်ချင်တာ"

"အော်......ဒါနဲ့ပဲ ရှင်တို့နှစ်ယောက်က စုနဲ့စကားမပြောဘူးပေါ့"

"မမရယ် သူ့ကိုနွားဂျိုဖြုတ်စေချင်ရုံပါ။အဲ့တာကိုသူက နွားဖြစ်ရင်းဆက်ဖြစ်နေတာလေ မမရဲ့။သူ့လူက လူကောင်းမှမဟုတ်တာ။စတွဲထဲက နန္ဒာနဲ့ဂျူဂျူ သူ့ကိုသတိပေးတယ်။ "Play Boy" ဆိုပြီးဂုဏ်ဆာနေတာလေ"

"စု......"

"ရှင်....မမသွယ်"

"အဲ့လိုလူကိုစုဘာလို့တွဲရတာလဲကွယ်"

"စု သူ့ကိုပြုပြင်လို့ရမယ်ထင်လို့ပါ မမသွယ်ရယ်"

"အခုရော........"

"သူတစ်နေ့နေ့ကြ ပြောင်းလဲလာပါလိမ့်မယ်"

"အဟမ်း....အဟမ်း ပြောင်းလဲမလား လူလဲမလားဆိုတာ စောင့်ကြည့်ရတာပေါ့ မိစုရယ်"

"ဂျူဂျူနော်...."

"ကဲ......အဲ့လိုနဲ့ရန်ဖြစ်တော့မယ် မြန်မြန်စား အိမ်ပြန်နောက်ကျနေမယ်"

"အေးဆေးပေါ့ မမရဲ့ အရသာခံစားရတာပဲဟာ.....ဟီး..."

စားသောက်ပြီးတော့ မမသွယ်က ကျွန်မတို့ကိုအိမ်ပြန်လိုက်ပို့ပေးခဲ့တယ်။
.
.
.
.
.
.
.
"ဂျူဂျူ စာလုပ်နေရဲ့လား...."

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now