Part - 2 ❤️🩺

3.4K 117 1
                                    

(Unicode)

"ကဲပါ....ထားပါတော့"

ခဏကြာတော့ မမသွယ်က ချက်ပြုတ်ပြီးတော့ ကျွန်မတို့နားလာထိုင်ပြီး စကားစမြည်ပြောဖြစ်ကြတယ်။မမကတကယ်သဘောကောင်းတယ်။ဂျူဂျူက ကျွန်မ နှလုံးရောဂါရှိတဲ့အကြောင်း မမသွယ်ကိုပြောပြထားတယ်ထင်တယ်။မမသွယ်က ကျွန်မကို ညီမလေးတစ်ယောက်လို ဂရုတစိုက်ရှင်းပြနေတယ်။မမသွယ်က တကယ်ချစ်ဖို့ကောင်းတာပဲ။ခဏကြာမှာ "ကဲ...ကဲ..ကလေးတွေ နေ့လည်စာစားချိန်ရောက်ပြီ ထမင်းစားကြမယ်လေ"

"ဟုတ်ကဲ့ပါ မမ"

ကျွန်မတို့တွေ ထမင်းစားခန်းထဲကို၀င်လာလိုက်တယ်။မမသွယ်ချက်ထားတဲ့ဟင်းတွေမှစုံလို့။ကြည့်ရတာ ဂျူဂျူက ကျွန်မတို့အကြိုက်တွေပြောပြထားတယ်ထင်တယ်။ဟင်းပွဲတွေအကုန်လုံးက ကျွန်မတို့ သူငယ်ချင်းတွေအကြိုက်တွေပဲ။

"ကလေးမတွေ....ကိုယ့်အိမ်ကိုယ့်ရာလိုသဘောထားစားနော်။မမက အခုမှပြန်ချက်တာ‌ဆိုတော့ အရသာက ဘယ်လိုနေမယ်မသိဘူး။ကျွေးချင်လွန်းလို့သာ ချက်ထားတာ"

"ရပါတယ်...မမရယ် ဒီလိုမျိုးဟင်းတွေစုံအောင် ချက်တတ်နေတာနဲ့တင် နန္ဒာတို့အတွက်အဆင်ပြေပါတယ်"

"ဟုတ်ပါပြီကွယ်......ကဲ..ကဲ...စားကြလေ"

ကျွန်မကတော့ ထမင်းစားခန်းထဲမှာ အသံတိတ်ဆုံးဖြစ်နေပြီထင်တယ်။ကျွန်မဆိုသည်မှာလဲ ရှက်ရင်ဘာစကားမှ မပြောတော့ဘဲ ငြိမ်ကုတ်နေတာလေ။ဒါကိုသူငယ်ချင်းနှစ်ယောက်ကတော့သတိထားမိကျတယ်ထင်တယ်။ဒါနဲ့ ကျွန်မကဘာလို့ရှက်နေရတာလဲ။မမသွယ်ကိုကြွေမိသွားတာလား။အို......တော်စမ်းပါ ငါ့မှာလဲပိုင်ရှင်ရှိတာပဲ။

"စု....ဘာဖြစ်လို့လဲ စားမကောင်းလို့လား"

"မဟုတ်ပါဘူး မမသွယ်ရယ် စားလို့ကောင်းပါတယ်"

"မေးမနေနဲ့ မမ သူကရှက်ရင် အလိုလိုငြိမ်ကျသွားတာ"

"ကဲပါ...ကလေးမရယ် မမကိုမင်းအစ်မလိုသဘောထား ရှက်မနေနဲ့ ကြားတယ်နော်"

"ဟုတ်ကဲ့ပါ...မမသွယ်"

ထမင်းစားပြီးတော့ မမက ကျွန်မတို့ကိုအချိုပွဲချပေးတယ်။

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now