(Unicode)
"ကလေးမ အိမ်မှာလိမ်လိမ်မာမာနေခဲ့နော်"
"အမလေးတော် မသိရင် စုကပဲလျှောက်သွားနေတာကြနေတာပဲ"
"ကလေးမ ကိုစိတ်ပူလို့ပြောတာပါကွာ"
"ဟုတ်ပါပြီရှင်...."
"အခုတော့ ဆေးရုံမှာ အရေးကြီးတဲ့လူနာရှိလို့ သွားလိုက်ဦးမယ် နောက်ရက်တွေ ဒီလိုပဲ လာအိပ်မယ်နော်......."
"ဟုတ်ပါပြီရှင်"
သူဇာသွယ်တစ်ယောက် သူချစ်ရတဲ့ကလေးမကို အနမ်းပေးပြီး ဆေးရုံသို့ ထွက်လာလိုက်သည်။
.
.
.
.
.
.
"ဟယ်လို ဂျူဂျူ" 📱"ငါနဲ့ နန္ဒာ ဒီနေ့နင့်အိမ်လာခဲ့မယ်လေ။ငါတို့ မတွေ့တာ ကြာပြီလေနော်" 📱
"လာခဲ့လေ ငါလဲတစ်ယောက်ထဲ ပျင်းနေတာ" 📱
"အိုကေ သဲလေး......စားဖို့သောက်ဖို့ ပြင်ထားလိုက်တော့" 📱
"အေးပါဟယ်....." 📱
"အဲ့တာဆို ဒါပဲနော် သဲလေး ငါတို့ အခုထွက်လာခဲ့မယ်" 📱
"ဟုတ်ပါပြီရှင်" 📱
'ကောင်မစုတ်လေးတွေ အခုမှပဲ ပြန်ပေါ်လာတော့တယ်' စုတစ်ယောက် စကားတွေရေရွတ်ရင်း သူငယ်ချင်းတွေစားဖို့ မုန့်တွေပြင်နေလေရဲ့။
.
.
.
.
.
"ဟျောင့်ရေ စု ငါတို့ရောက်ပြီ""ဖြေးဖြေးအော်ပါဟယ် ငါကြားပါတယ်...."
"မသိပါဘူး ငါ့မမရဲ့ ချစ်စကားတွေနဲ့ နားပိတ်သွားတယ်ထင်တာ"
"နင်နော်.....လာအိမ်ထဲအရင်၀င်.."
"အေးအေး......"
.
.
.
"ကဲ မိစု နင်နော် မမနဲ့တွဲတာ ငါတို့ကိုတောင် မပြောပြဘူး မမပြောပြမှသိတယ်""ဟီး......."
"ရယ်မနေနဲ့ ကောင်မစုတ်လေးရဲ့......."
"အေးပါဟယ်....ခဏ မုန့်တွေသွားယူပေးမယ်"
"ဘာတွေလုပ်ထားတာလဲဟဲ့.....ငါဒီမှာ Soju ၀ယ်လာတယ်"
"မာလာအကင်သုပ်လေးရယ် ကြက်ကြော်လေးရယ် တော့ပိုကီလေးရယ် လုပ်ထားတယ်"
"ရေး......မိုက်ပြီပေါ့ စုနင်တော့သောက်မယ်မလား"
"သောက်မှာပေါ့ နန္ဒာသာ သူတော်စင်ကြီး"
YOU ARE READING
ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)