Part - 14 ❤️🩺

2.1K 84 0
                                    

(Unicode)

ကျွန်မတို့အုပ်စု မနက်စာစားပြီးတာနဲ့ ကျွန်မတို့ရဲ့ခရီးစဉ်စတင်လိုက်တယ်။မမသွယ်က ဆေးရုံကခွင့်ပေးတုံးခရီးထွက်ရတာမို့လို့ ကျွန်မတို့ရက်ကြာကြာနေလို့မရဘူး။

"ကဲ ဟိုအဖွဲ့တွေလာကြ ဓါတ်ပုံစုရိုက်ကြမယ်"
.
.
.
"ဟိုနှစ်ယောက်ကို အတူတူရိုက်ပေးလိုက်ရအောင်..."

"စု သူဇာ့အနားနည်းနည်းကပ်ပါလား..."

မမျိူးကပြောတာနဲ့ ကျွန်မ မမသွယ်အနားကပ်လိုက်တယ်။မမသွယ်ကတော့ ကျွန်မခါးကိုဖက်လိုက်တယ်။ဂျူဂျူတို့ကတော့ ကျေနပ်နေတဲ့အပြုံးနဲ့သာ။

"ကလေးမ ရှက်သွားတာလား"

"ဟုတ် မမသွယ် တကယ်ဆို မမသွယ်က စုကိုဖွင့်ပြောထားတုံးပဲရှိသေးတယ်လေ စုကအဖြေမှမပေးရသေးတာ ရှက်တာပေါ့လို့"

"ဟုတ်ပါပြီကွယ် တို့ဆင်ခြင်ပါ့မယ် ကလေးမ သဘောမကျရင် မလုပ်တော့ပါဘူးကွယ် ကလေးမသာ ပြန်ချစ်ဖို့ပြင်ထား"

"မမသွယ်နော်....."

"ဟဲ့ ဟိုနှစ်ယောက် မြန်မြန်လာ ဗိုက်ဆာနေပြီ ထမင်းဆိုင်ကိုမြန်မြန်သွားကြမယ်"

ဂျူဂျူလှမ်းအော်တာနဲ့ ကျွန်မတို့နှစ်ယောက်ချက်ချင်းပင် သူတို့နောက်ကိုအပြေးလိုက်ခဲ့သည်။
.
.
.
.
.
"မျိုးကိုမေးရဦးမယ် မနက်ဖြန် သူဇာတို့ အင်းလေးကိုသွားမလို့ အဲ့တာမျိုးတို့ လိုက်ပေးလို့ရမလား"

"အဲ့တာက မောင့်ကိုမေးရဦးမယ်"

သူဇာသွယ်တစ်ယောက် မျိုးရဲ့စကားကြောင့် ထမင်းစားရင်းနဲ့ပင် သီးသွားသည်။

"အဟွတ်........မမမျိုး ကျွန်မသူဇာသွယ်ဆိုတဲ့ဟာမကလေ ရှင်တို့ Ro တာကြည့်ဖို့ တောင်ကြီးကိုလာတာမဟုတ်ဘူးနော်။ကျွန်မတို့ လာလည်တာ။နည်းနည်းပါးပါးလေး အလိုက်သိ"

"သူဇာကလဲ မျိုးကမောင့်ကိုချစ်တာကိုး ဟုတ်တယ်နော် မောင်"

"ဒါပေါ့ မျိုးရယ်"

"ဒီနှစ်ယောက်ပြောလေ ကဲလေပါလား"

"မမက ထားပါတော့ ဂျူဂျူတို့က ထိုင်ကြည့်နေရတာ သနားပါဦး"

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now