Part - 24 (The End) ❤️🩺

5.7K 103 4
                                    

(Unicode)

*အား.......ကျစ်*

"ကလေးမ သတိရလာပြီလား"

"ဟင်.....မ ပြန်ရောက်နေတယ်"

"‌ဒါပေါ့ ကလေးမရယ်.....ခဏနော် တို့ ဆရာ၀န်ဆီအကြောင်းကြားလိုက်ဦးမယ်...."

"မ......"

စု ချက်ချင်းပင် သူဇာသွယ့်လက်ကိုဆွဲပြီး တင်းတင်းဆုပ်ကိုင်ထားမိသည်။

"မသွားပါနဲ့ မရယ်.....ကျေးဇူးပြုပြီးထပ်မထွက်သွားပါနဲ့...ဟင့်"

"ကလေးမရယ် အခုမှသတိပြန်ရတုံးရှိသေးတယ် မငိုပါနဲ့ကွယ်"

ကံကောင်းချင်တော့ ဂျူဂျူနဲ့နန္ဒာ မနက်စာ၀ယ်ပြီး ပြန်လာတဲ့အချိန်နှင့်တိုးသည်။သူတို့နှစ်ယောက်ကတော့ သူတို့သူငယ်ချင်းသတိပြန်ရတော့အရမ်းကိုပျော်နေတာပေါ့။စုသာ တစ်ခုခုဖြစ်ရင် သူတို့ကိုယ့်ကိုကိုယ်အပြစ်တင်မိလိမ့်မည်။

"ဂျူဂျူ ဆရာ၀န်သွားခေါ်ပေးပါလား....မမ စုအနားမှာ နေပေးမလို့"

"ဟုတ်ကဲ့ မမ"

နန္ဒာကတော့ မနက်စာပြင်ဆင်ပေးရန်ကျန်ခဲ့တော့သည်။

"မရယ် စုအနားက ထွက်မသွားပါနဲ့တော့နော်.....စုလေ မနဲ့ခွဲရမှာအရမ်းကြောက်တယ်.....ဟင့်...."

"ဟော....ကလေးမ‌ကတော့ ငိုနေပြန်ပြီ......မငိုနဲ့တော့ တိတ်တော့ တို့ သတင်းကောင်းပြောစရာရှိတယ်"

"ဘာလဲဟင်....."

"ပထမတစ်ချက်က ကလေးမ ဘ၀ကိုနှောင့်ယှက်မယ့်သူတွေတစ်ယောက်မှမရှိတော့ဘူး....."

"ဘယ်လို......"

"သူတို့က ထောင်နန်းစံကုန်ကြပြီ....."

"ဘယ်လိုဖြစ်တာလဲဟင်....."

"ကဲကွာ......ပြီးမှ အေးဆေးရှင်းပြမယ်..."

"ဒါဆို ဒုတိယတစ်ချက်ကရော...."

"ကလေးမနဲ့ တို့လက်ထပ်ကြမယ်......."

"ရှင်......"

"မမရေ ဂျူဂျူဆရာ၀န်ကြီးကိုခေါ်လာပြီ...."

"ဟဲ့ မိဂျူ နင်ဟာလေ အလိုက်မသိချက်.....ငါတောင် ငြိမ်နေတာကို...."

"ကဲပါ.....လောလောဆယ် ဆရာ၀န်ကြီးဆီက စကားကိုနားထောင်ရတာပေ့ါ.....ဆေးရုံကဆင်းရင်တော့ ဒီကဆရာ၀န်မရဲ့စကားကိုနားထောင်ပေါ့"
.
.
.
.
.
"လူနာက နောက်(၅)ရက်လောက်ဆို ဆေးရုံကဆင်းလို့ရပါပြီ။ဒါပေမယ့် လူနာကစိတ်ထိခိုက်ခံလို့မဖြစ်ဘူး။နဂိုထဲက အားနည်းတဲ့သူ။အခုလို ဖြစ်ရပ်မျိုး‌ကြုံထားတာဆိုတော့ အနည်းနဲ့အများကတော့ နဂိုစိတ်အတိုင်းဖြစ်အောင် မနည်းကြိုးစားရမှာပဲ"

You've reached the end of published parts.

⏰ Last updated: May 06 ⏰

Add this story to your Library to get notified about new parts!

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now