Chapter 4

1.5K 59 2
                                    

Unicode>>>

ကိုးလ်အိမ်ပြန်ရောက်တော့ အမေဖြစ်သူက မီးဖိုခန်းဘက်မှထွက်လာကာ

"ကိုးလ် ပြန်ရောက်ပြီလား ရေသွားချိုးပြီးအောက်ဆင်းခဲ့ မာမီ သားအတွက် မုန့်လုပ်ထားတယ်"

"ဟုတ် မာမီ ကိုကိုတို့ရော"

ကိုးလ်တွင် အစ်ကိုနှစ်ယောက်နှင့် အစ်မတစ်ယောက်ရှိသည်။ အစ်ကြီးဆုံးအစ်ကိုက UK က company မှာ ဦးစီးနေကာ ဒုတိယအစ်ကိုက တက္ကသိုလ် နောက်ဆုံးနှစ်တက်နေပြီး တစ်ဖက်တွင်လည်း မြန်မာနိုင်ငံရှိ company ခွဲတစ်ခုမှာ ဦးစီးနေသည်။ အစ်မဖြစ်သူက ကိုးလ်နှင့် တစ်နှစ်ကျော်ကျော်သာ ကွာပေမယ့် အထက်တန်းနောက်ဆုံးနှစ်မို့ စာများတာကြောင့် သိပ်မတွေ့ဖြစ်။

"သားကိုကိုက ခနနေပြန်လာလိမ့်မယ် ဒီနေ့ သူcompany မသွားဘူး သားမမကတော့ နောက်ကျမယ်ထင်တယ် night study ရှိတော့ ဒါနဲ့ သားတို့ကျောင်းမှာ အဆောင်သစ်တွေဆောက်နေတာပြီးတော့မယ်ဆို"

ကိုးလ်တို့ ယခင်စာသင်နှစ်မပြီးခင် ဆောက်နေသည့်အဆောင်တွေထဲက တစ်ချို့တစ်လေက ပြီးတော့မည်ဖြစ်တာကြောင့် မာမီကမေးခြင်းပင်။ ထိုအဆောင်များက ကျောင်းသားကျောင်းသူများအတွက် အိပ်ဆောင်များဖြစ်သည်။ အထက်တန်းဒုတိယနှစ်ကစပြီး စာများလာသည်မို့ သွားလာနေရသည့်အချိန်ကိုလျှော့ချနိုင်ရန် ကျောင်းက စီစဥ်ထားခြင်းဖြစ်ပြီး ယခုလတ်တလောအတွင်းပြီးမည့် အဆောင်များကိုတော့ နောက်ဆုံးနှစ်များအတွက်ရည်ရွယ်ထားခြင်းပင်။

"ဟုတ်တယ်မေမေ မမတို့ မကြာခင် အဆောင်ဝင်ရတော့မယ်"

"အင်း ဟုတ်ပ သမီးအဆင်ပြေပါ့မလား မာမီနည်းနည်းစိတ်ပူတယ် သူကငယ်ငယ်လေးကတည်းက မာမီတို့ကို ကပ်တော့"

အမေဖြစ်သူက စိတ်မကောင်းဟန်ဖြင့်ပြောလာတော့

"အဆင်ပြေမှာပါ မာမီရဲ့ မမလည်း အခုနောက်ပိုင်း ကိုယ့်အားကိုယ်ကိုးတတ်လာပါပြီ စာတွေဖိလုပ်နေရတာနဲ့ အိမ်လွမ်းချိန်တောင်ရမှာမဟုတ်ဘူး ပြီးတော့ သားတို့ကျောင်းနဲ့ အိမ်က သိပ်မှမဝေးဘဲ မာမီလွမ်းရင် သွားတွေ့လို့ရတယ်လေ"

PROMISE ME❣[Myanmar Fic]Where stories live. Discover now