Chapter 21

1.1K 79 4
                                    

Unicode>>>

မဒီ သုတကိုကြည့်လိုက်ပြီး

"နင် နောက်နေတာမလား.."

သုတ မဒီ့စကားကြားတော့ မဒီ့မျက်ဝန်းတွေကို စိုက်ကြည့်လိုက်ပြီး

"ကိုယ်ပြောနေတာတွေက နောက်နေတာနဲ့ တူလို့လား.."

"ဟို..ဟို အဲ့တော့ နင်က ငါ့ကို ကြိုက်တယ်လို့ပြောနေတာမလား... ဟို ငါ.. အဲ့လို.."

မဒီ စကားတစ်ခွန်းကိုတောင် ဖြောင့်ဖြောင့်တန်းတန်း မပြောနိုင်တော့တာကိုကြည့်ပြီး သုတက

"ကိုယ်အခုလို ဖွင့်ပြောလိုက်တော့ မဒီမုန်းသွားလား"

"မမုန်း.မမုန်းပါဘူး ဒီတိုင်း ဟို.."

"အဲ့တာဆို ရပြီ ကိုယ့်ကိုလိုက်ခွင့်ပေး ဒီနေ့ကစပြီး ကိုယ်မဒီကို လိုက်ပိုးပန်းတော့မှာ..."

သုတ ရုပ်တည်ကြီးနဲ့ပြောလိုက်တော့ မဒီမတ်တပ်ထရပ်လိုက်ပြီး

"ဟို ကိုးလ်.ကိုးလ်တို့ခေါ်နေ..အဲ သူတို့ဆီသွားလိုက်အုံးမယ်"

မဒီ သုတရဲ့ အဖြေကိုပင်မစောင့်တော့ဘဲ အပြေးတပိုင်းထွက်လာခဲ့တော့တယ်။

"မဒီ ဘာဖြစ်လာတာလဲ သုတရော နင်နဲ့အတူ ထွက်သွားတာမဟုတ်ဘူးလား"

မျက်နှာနီရဲနေပြီး အပြေးတပိုင်းရောက်လာတဲ့ မဒီကြောင့် ကိုးလ်တို့လန့်သွားပြီးမေးလိုက်တော့ မဒီချောင်းတစ်ချက်ဟန့်ကာ

"ဘာမှမဖြစ်ပါဘူး နေပူလို့ သုတ အဟမ်း! သုတက ငါလည်း မသိဘူး ဘယ်သွားမလို့ဆိုလဲပဲ..."

"အော် အင်းအင်း... ရော့ ရေသောက်အုံးမလား"

"အင်း တိုက်ပါအုံး"

မဒီ ဆက် ကမ်းပေးလာတဲ့ ရေဘူးကို ဖွင့်သောက်လိုက်ပြီး စိတ်ငြိမ်အောင် ထားနေတုန်း သုတဆီကနေ message ဝင်လာတယ် ​

'ကိုယ် ပြန်သွားပြီ ဒီနေ့တော့ မလာတော့ဘူး မဒီရှက်နေမှာစိုးလို့'

မဒီ message ကို ဖတ်လိုက်ပြီး ရှက်တာကြောင့် နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်မိသည်။

ဟမ့် ဘယ်သူက ရှက်နေလို့လဲ
..
..
..
ညနေဘက် Rey တို့ basketball ပြိုင်ပွဲမှာ ပုံမှန်ထက် ပရိတ်သတ်တွေများနေတယ်၊ Rey ကလည်း basketball club ထဲ ဝင်လိုက်ကတည်းက လူသိများလာတာကြောင့် Rey ကို ကြည့်ဖို့ လာတဲ့သူတွေက basket ball ပြိုင်ပွဲ ကြည့်ဖို့ လာတဲ့သူတွေနည်းပါးပင်၊ ကျောင်းပြိုင်ပွဲဖြစ်ပေမယ့် ပိတ်ရက်ဖြစ်တာကြောင့် အခြားကျောင်းက ကျောင်းသားတွေကိုပါ လာကြည့်ခွင့်ပေးထားတာကြောင့် ကွင်းထဲမှာ လူတွေအပြည့်၊

PROMISE ME❣[Myanmar Fic]Where stories live. Discover now