Chapter 12

1.1K 52 2
                                    

Unicode>>>

ဆက် ထိုစာပို့လာတဲ့ acc အား စိုက်ကြည့်နေပြီး စဥ်းစားလိုက်တော့မှ နောက်ဆုံး အာရုံထဲပေါ်လာသည့် နှာဘူးကြီး

'ခင်ဗျား!..'

ဆက် ထိုသို့ပို့လိုက်တော့

'မှတ်မိပြီလား ကိုယ့်ကို' ပြန်မေးလာတဲ့ ထိုသူအား

'ဘာလို့ ပို့ပေးတာလည်း' ဆက်သိချင်စွာဖြင့် မေးလိုက်တော့ ထိုသူက

'စိတ်ပူလို့ မနက်စာမစားတာ ကျန်းမာရေးအတွက် မကောင်းဘူး'

အတည်ပေါက်ဖြင့် ဂရုတစိုက်ပြောလာသူကြောင့် ဆက် မဲ့လိုက်ပြီး

'ကျွန်တော့်ကျန်းမာရေးပါ ခင်ဗျားနဲ့ဆိုင်လို့လား'

အစကတည်းကအစ်မဖြစ်သူနဲ့ စေ့စပ်ရန် ဖြစ်ခဲ့ဖူးသည်မို့ မကြည်၍ ကန့်လန့်တိုက်ကာ ပြောလိုက်သည်ကိုပင် ဂရုမစိုက်စွာ ပြောလာသည်က

'အခုတော့ မဆိုင်သေးပေမယ့် နောက်ဆိုင်လာမှာပါ'

ဆက် ဒေါသထွက်လွန်းစွာ ပြန်ပြောရန်အလုပ်

'test ဖြေရတော့မယ်မလား ကိုယ်မနှောင့်ယှက်တော့ဘူး ဖြေနိုင်ပါစေ'

ထိုသူက စကားစ ဖြတ်လိုက်တာမို့ ဆက် စိတ်ကိုသာ လျှော့လိုက်ပြီး ဖုန်းချလိုက်ကာ စာပြန်ကြည့်ရန်သာ လုပ်လိုက်တော့သည်။
.
.
.
.
.
Ting Ting!

bell သံနဲ့အတူ စာမေးပွဲခန်းမှ ကျောင်းသားများအားလုံးရဲ့ တစ်ပြိုင်တည်းထွက်လာကြတဲ့အသံများ

"yes! ပြီးသွားပြီကွ"

"ဝေးးး"

စာမေးပွဲပြီးသွားခြင်းနှင့်အတူ ကျောင်းသားများ၏ နှစ်ထောင်းအားရ စကားသံများ ထွက်လာကြသည်။ Starlight ရဲ့ လတိုင်းစစ်နေကျ test လေးကပင် အခြားကျောင်းများစွာတို့၏ final exam နီးနီးခက်သည်ကြောင့် မည်သည့်ကျောင်းသားမျှ ပေါ့ပေါ့တန်တန်သဘောမထားရဲ။ တစ်ရက်ကိုတစ်ဘာသာနှုန်းနဲ့ ခြောက်ရက်ဖြေပြီးသွားသည့်နောက်မှာတော့ ကျောင်းသားအားလုံး ခြေကုန်လက်ပန်းကျနေသည့်ဟန်ဖြင့်။ နဂိုသတ်မှတ်ထားသည့်ရက်ထက် တစ်ပတ်ကျော် ရှေ့သို့ရွှေ့လိုက်ရသောကြောင့် နွမ်းနယ်မှုက မျက်နှာများပေါ်မှာ အတိုင်းသား...... တီချယ်ခွန်း သူမ၏ အခန်းထဲမှ ကလေးတွေကို ကြည့်လိုက်ပြီး တစ်ချက်ပြုံးလိုက်ကာ

PROMISE ME❣[Myanmar Fic]Where stories live. Discover now