Chapter 8

1.3K 56 0
                                    

Unicode>>>

"ကိုးလ် မဒီနဲ့အဆက်အသွယ်ရလား"

စာသင်ခန်းထဲသို့ ဆက် ဝင်ဝင်လာချင်း ကြိုရောက်နှင့်နေတဲ့ ကိုးလ်အားမေးလိုက်သည်။

"ဟမ် မဆက်ဖြစ်ဘူး ဘာဖြစ်လို့လဲ"

"သူ နောက်တစ်ပတ်လောက်မှ ပြန်လာဖြစ်မယ်တဲ့ ဒီတစ်ပတ်တော့ဟိုမှာနေအုံးမလို့တဲ့"

"အော် အင်းအင်း"

"အဲ့တာ သူ့တာဝန် ငါ့ကိုပေးသွားတယ်"

"ဘာတာဝန်လဲ"

ကိုးလ်နားမလည်စွာ မေးလိုက်တော့ ဆက်  ကိုးလ်ဘက်ကပ်လိုက်ပြီး အသံလျှော့ကာ

"မင်း ရည်းစားရဖို့အတွက် ကူညီဖို့လေ" ထိုသို့ပြောလိုက်တော့ ကိုးလ်မျက်နှာနီလာပြီး

"ပေါက်ကရ"

"ဟ ဘာကိုပေါက်ကရတုန်း ငါအကုန်စီစဥ်လာတယ် မင်းက ငါပြောတဲ့အတိုင်းလုပ်ရုံပဲ"

"ဘာ.ဘာလုပ်ရမှာလဲ"

"မင်း သူ့ကို သတိထားမိလာတဲ့အထိ မုန့်ဖြစ်ဖြစ် စာဖြစ်ဖြစ် အမြဲပေးနေ သူနောက်ပိုင်းသတိထားမိလာတဲ့အခါကျရင်  ရပ်လိုက် အဲ့တာဆို အောင်မြင်ဖို့ အသေအချာပဲ"

"ဖြစ်ပါ့မလား"

"ဖြစ်တာပေါ့ ဒီနေ့နေ့လည် သူအပြင်ထွက်သွားတဲ့အခါကျရင် စပေးကြမယ်"

"အာာာ.."

"ဘာမှအာမနေနဲ့"

"အခု ပေးစရာဘာမှမပါလာဘူး"

ကိုးလ်ပြောလိုက်တော့ ဆက် တစ်ချက်စဥ်းစားလိုက်ပြီး

"ဒီလိုလုပ် မင်းလည်း ငယ်ငယ်တုန်းကတည်းက ကဗျာတွေဘာတွေရေးတာပဲ နည်းနည်း romance ဖြစ်မဲ့ စာတိုလေးရေး ပြီးရင် ငါသတိထားမိသလောက် သူ lunch စားပြီးတိုင်း coffee သောက်နေကျလိုပဲ အဲ့တော့ စာနဲ့ coffee ပေးလိုက်"

"ဒါပေမယ့် ငါလက်ရေးကို သိလောက်တယ် ဟိုတလောက project အတူတူလုပ်ဖူးတော့"

"ဟေ့ကောင် အားတဲ့အချိန်တိုင်း လက်ရေးလှကျင့်နေတဲ့ကောင်ကများ.... မင်းလက်ရေးကို သုံးမျိုးလောက်ရေးတတ်တာ ငါမသိဘူးထင်နေလား"

PROMISE ME❣[Myanmar Fic]Where stories live. Discover now