Chapter 9

838 41 0
                                    

Unicode>>>

"လုပ်ပါ ကိုမြဲရယ် အဲ့တာလေး အရေးကြီးလို့ပါ lunch break ပြီးတာနဲ့ presentation လုပ်ရတော့မှာ"

"မင်းအရေးကြီးရင် ဘာလို့ထားခဲ့လဲ"

"မေ့သွားလို့ပါဗျာ နော် လာခဲ့နော် ကျောင်းရောက်ရင် canteen ကိုလာခဲ့နော်"

တည်မြဲ ညီဖြစ်သူက ကျန်ခဲ့တဲ့ စာရွက်တွေ ကျောင်းကိုလာပေးရန်ပြောနေသည်မို့ စုတ်သပ်လိုက်မိသည်။

"အင်းအင်း ခနစောင့်"

ညီဖြစ်သူအား စောင့်နေရန်ပြောလိုက်ပြီးနောက် ဖုန်းချလိုက်သည်။ ကိုယ်တိုင်က company မှာမို့ အိမ်ပြန်ပြီး သကောင့်သား၏ စာရွက်များအား ယူရအုံးမည်။ အလုပ်လည်း သိပ်များမနေတာမို့ အတွင်းရေးမှူးအား အိမ်ပြန်မည့်အကြောင်းပြောလိုက်ပြီး ကားယူကာ ထွက်ခဲ့သည်။
.
.
.
ကိုးလ်တို့ canteen မှာ ထိုင်နေတုန်း အနားရောက်လာတဲ့ senior. ရှိန်းအာဏာစက်
တစ်ကျောင်းလုံးရဲ့ king ဖြစ်နေတာမို့ canteen ထဲ ဝင်လာကတည်းက အားလုံးထဲမှာ ထင်းထွက်နေကာ လူတိုင်းရဲ့ အာရုံက ရှိန်းဆီသာ ရောက်သွားတော့သည်။ ရှိန်းကတော့ အသားကျနေပုံဖြင့် မျက်နှာတည်ဖြင့်သာ ကိုးလ်တို့ဝိုင်းဆီလျှောက်လာသည်။

"ကိုးလ် အစ်ကိုထိုင်လို့ရလား"

"ဗျာ ဟုတ် ထိုင်ပါ စီနီယာ"

"အယ် စီနီယာလို့မခေါ်ပါနဲ့ အစ်ကိုလို့ပဲ ခေါ်ပါ"

"ဟုတ်..."

"ဒါနဲ့ ဒီနေ့ သော်တာကျောင်းမတတ်တာ နေမကောင်းလို့လား"

"အာ ဟုတ် နေသိပ်မကောင်းချင်ဘူးလို့ပြောတယ်"

"အဆင်ပြေရဲ့လား သက်သာလား ဆေးခန်းရောသွားပြီးပြီလား"

ကရားရေလွှတ်သလို ဆက်တိုက်မေးလာသည်ကြောင့် ကိုးလ်ပင် ဘာပြန်ဖြေရမလဲမသိဖြစ်သွားသည်။ ကိုးလ်ရဲ့ ဆွံ့အနေတဲ့ မျက်နှာမြင်မှ ရှိန်း ပြောနေတဲ့အရှိန်သက်ကာ

"ဆောရီး အစ်ကို စိတ်ပူသွားလို့ပါ"

ကိုးလ်က အစ်မဖြစ်သူအား ဇက်လောက် အူတိုတာမျိုးမဖြစ်ပေမယ့် စိတ်ပူတာကြောင့် ရှိန်းအား

PROMISE ME❣[Myanmar Fic]Where stories live. Discover now