Unicode>>>
"တကယ်ကြီးလား!"
ကိုးလ် တအံ့တသြရေရွတ်လိုက်ပြီး ဆက်ကိုကြည့်လိုက်တော့ ဆက်ကလည်း အံ့သြတကြီးကြည့်နေသည်။
"အဲ့တာဆို ဘယ်တော့လောက် လက်ထပ်,.."
"အင်း ကိုကြီးတို့ စဥ်းစားထားတာတော့ နောက်အပတ်ထဲ မိဘတွေကို အသိပေးပြီးမှ လက်ထပ်ဖို့ကိစ္စတိုင်ပင်မလားလို့လေ..."
ဆက်နဲ့ကိုးလ် ရုတ်တရက် Eric နဲ့ ဆောင်းနှင်းတို့ တွဲနေတာကို သိလိုက်ရပြီး shock ရသွားသည်။
"ခနခန ဘယ်တုန်းကတည်းက တွဲနေတာလဲ..."
ဆက်မေးလိုက်တော့ Eric က ပြုံးပြလာပြီး
"ပြောရရင် အစ်ကို မင်းရဲ့မမကို ဆယ်ကျော်သက်အရွယ်ကတည်းက သဘောကျလာတာလေ ဒါပေမယ့် မပြောဖြစ်ဘဲ နိုင်ငံခြားကိုလည်း ကျောင်းပြီးတာနဲ့ ထွက်သွားရတော့ အချိန်တွေကြာကုန်တာ တွဲဖြစ်တာကတော့ အစ်ကို ဒီပြန်ရောက်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲလုပ်ပြီး နောက်ရက်မှာ တွဲဖြစ်သွားတာ"
"အစ်ကို ဒီပြန်ရောက်တာ ကျွန်တော်တို့ အထက်တန်း ပထမနှစ်ကတည်းကလေ အခုဆို ခြောက်နှစ်နီးပါးရှိပြီ ကျွန်တော်တို့ကို ဖုံးကွယ်ထားတာ"
"မရည်ရွယ်ပါဘူး ဆက်ရယ် မမတို့ကိုယ်တိုင်လည်း အလုပ်များနေတာနဲ့ တွေ့ချိန်တောင်မရတော့ မင်းတို့ကိုလည်း ပြောဖို့မေ့သွားတာ....."
ဆက် အစ်မဖြစ်သူရဲ့ စကားကြားတော့ သက်ပြင်းချလိုက်ပြီး
"အင်းပါ ကျွန်တော်တို့လည်း လန့်သွားလို့ပါ ရုတ်တရက်ဆိုတော့ ပြဿနာမရှိပါဘူး အစ်ကို့ကိုလည်း ကျေးဇူးတင်ပါတယ် အခုလို ကျွန်တော်တို့ကိုတောင် အချိန်ပေးပြီး ပြောပြပေးလို့"
ဆက်ပြောတော့ Eric က ပြုံးလိုက်ပြီး ကိုးလ်ဘက်လှည့်ကာ
"ကိုးလ်ကရော..."
"ကျွန်တော်လည်း သဘောတူတာပေါ့ ဘာမတူစရာရှိလို့လဲကိုကြီးတို့ပျော်ရင် ရပြီ..."
"အင်း ကျေးဇူးကိုးလ်"
"မမနဲ့ ကိုကို့ကိုရော ဘယ်တော့အသိပေးမှာလည်း.."
YOU ARE READING
PROMISE ME❣[Myanmar Fic]
No FicciónPromise me that you won't leave me, my baby❣ start date: 18.4.2024 end date: 2.6.2024 Both Unicode and Zawgyi Available>>> Book Cover #crd to pinterest