Chapter 5

1.6K 154 0
                                    

Unicode>>>

လမင်း ဇက်တို့ကားရှိရာသို့ လျှောက်လာတော့ အနောက်က ရှိန်းအာဏာစက်ကလည်း တပ်ကြပ်မကွာလိုက်လာသည်။
ထို့နောက် ဇက်မျက်မှောင်ကြုပ်ပြီး ကြည့်နေတာမြင်တော့ ပြုံးပြလာကာ

"ဟိုင်း အစ်ကို မတွေ့တာတောင် ကြာပြီနော် အလုပ်များနေလို့လား" ခင်မင်ရင်းနှီးသည့် လူတစ်ယောက်အား နှုတ်ဆက်သည့်အတိုင်း ပြောလာသည်မို့ လှစ်လျူရှု၍ လမင်းဘက်
လှည့်ကာ

"လမင်း သူကဘာလိုက်လုပ်တာလဲ"

"အာ ဒီတိုင်း.. လမ်းလျှောက်ချင်လို့တဲ့"

"လမ်းလျှောက်ချင်တာ သူ့ဟာသူအေးဆေးမလျှောက်ဘဲ ဘာလို့ လမင်းနဲ့ ပါလာတာလဲ"

"အင်းး တိုက်ဆိုင်သွားတာပါ လမင်းထွက်လာတာနဲ့"

ကိုးလ် အစ်ကိုဖြစ်သူက အစ်မအား စစ်ဆေးနေသည်မှာ မပြီးတော့သည်ကြောင့် ကားထဲမှထွက်လာပြီး

"ကဲ ကိုကိုရေ မမကို မုန့်ထုပ်ပေးလိုက်ပါတော့ class ပြန်စတော့မယ်ထင်တယ်"

ရှိန်း ကိုးလ်အား ယခုမှမြင်ပုံရကာ

"အယ် ကိုးလ်ရောပါတာလား" ဟူ၍ လက်ပြကာ နှုတ်ဆက်လာသည်မို့

"ဟုတ် စီနီယာ" ကိုးလ်ကလည်း ကျောင်းတွင် နာမည်အတော်အသင့်ရှိသည်မို့ ရှိန်းကသိနေပုံထောက်သော်လည်း ရင်းနှီးနေသည်အထိတော့ မဟုတ်တာကြောင့် စကားက လျင်လျင်မြန်မြန်ပဲ ပြတ်သွားသည်။

"အဲ့တာဆို လမင်းပြန်ဝင်တော့မယ်ကိုကို တာ့တာ ကိုးလ် မမသွားပြီ"

"ဟုတ် မမ"

လမင်းကပြန်ရန်ပြင်တော့ ရှိန်းက ကိုးလ်အား လက်ပြကာ

"တာ့တာ ယောက်ဖလေး..အဲ ကိုးလ် သွားပြီနော်" ဟူ၍ ပြောလာသည်မို့ ဇက်၏ အကြည့်စူးစူးတို့က ရှိန်းထံရောက်လာသည်ကြောင့် ရှိန်းသွားလေးဖြဲကာ

"ဟဲ အစ်ကို သွားပြီနော်ဗျ" ဟုဆိုကာ ထွက်သွားနှင့်ပြီဖြစ်သော လမင်းနောက်သို့ အပြေးလိုက်တော့သည်။ ရှိန်းထွက်သွားသည်အထိ ဇက်က ကားထဲမဝင်သေးဘဲ မျက်ဝန်းတို့က စူးရဲနေသည်မို့

PROMISE ME❣[Myanmar Fic]Where stories live. Discover now