Chapter 15

1K 43 0
                                    

Unicode>>>

အချိန်က ငါးနာရီလူခွဲကျော်လာပြီဖြစ်ပြီး camp site ကို လှည့်ပတ်ကြည့်သူကကြည့် tent ကိုပင် ထိုးနေသူကထိုးဆဲဖြင့် သက်ဝင်လှုပ်ရှားနေသည်။ ဆက်နဲ့ တည်မြဲ လိုအပ်တဲ့ စောင်တွေ ခေါင်းအုံးတွေ သွားယူပြီးတာနဲ့ ဆက် အားနေသည်ကြောင့် အစ်မဖြစ်သူနဲ့ ရေတံခွန်ကို လိုက်သွားသည်။ အစ်မဖြစ်သူကြောင့် လိုက်တာမဟုတ်ဘဲ.. အစ်မသွန်းမြတ်ပါ၍ သွားဖြဲကာ လိုက်သွားခြင်းပင်၊ ဆောင်းနှင်းက တည်မြဲကို လိုက်ရန်ခေါ်သော်လည်း ဆက်ကိုသာ တစ်ချက်ကြည့်လိုက်ပြီး မလိုက်တော့ဘဲ tent ထဲဝင်ပြီး နားနေသည်။
သေချာဂရုစိုက်ကြည့်လိုက်ရင်တော့ တည်မြဲမျက်ဝန်းတွေမှာ ဆွေးရိပ်သန်းနေတာကို မြင်နိုင်ပေမည်။

ကိုးလ်လည်း လုပ်စရာမရှိ၍ ညနေစာချက်ရန်သာပြင်လိုက်သည်။ ကိုးလ် tent ထဲက ထွက်ကာ ကျောင်းသားတွေလိုအပ်တာတွေထားပေးထားတဲ့ ယာယီ သစ်သားအိမ်လေးဆီသွားရန်အလုပ် Rey က

"ဘယ်သွားမလို့လဲ"

ကိုးလ်လက်ကိုလှမ်းဆွဲပြီး မေးလာသည်။

"အာ.. ခနနေ ဆက်ပြန်လာရင် ဗိုက်ဆာလာမှာစိုးလို့လေ မင်းနဲ့ အစ်ကိုတည်မြဲကလည်း tent ထိုးထားရတော့ မောနေလောက်ပြီဆိုတော့ ခနနေ ဗိုက်ဆာလာတော့မှာ...အဲ့တာ ဟိုအိမ်မှာ လိုတာတွေသွားကြည့်မလို့"

ကိုးလ်ပြောလိုက်တော့ Rey က

"လိုက်ခဲ့မယ်.."

"အယ် ပင်ပန်းနေမှာပေါ့ မလိုက်ပါနဲ့ ရတယ်"

ကိုးလ်ငြင်းသည်ကို ဂရုမစိုက်စွာ အရှေ့ကနေ ထွက်သွားသည်မို့ ကိုးလ် သက်ပြင်းသာချလိုက်ပြီး Rey နောက်က လိုက်သွားတော့သည်။

သစ်သားအိမ်လေးရဲ့ တစ်ခြမ်းမှာ ရေခဲသေတ္တာခြောက်ခုရှိနေပြီး အသီးအရွက် အသားငါးတွေအပြည့်ဖြစ်နေသည်။ နောက်အခြမ်းမှာတော့ စောင်တွေ ခေါင်းအုံးတွေ အထပ်လိုက်ထားပေးထားကာ လိုအပ်သည့်သူ ယူနိုင်သည်။ HEROM camp site တစ်ခုလုံးကို ကျောင်းက​ လေးရက်
ငှားထားပြီး ထိုယာယီသစ်သားအိမ်မှာလည်း ကျောင်းက စီစဥ်ပေးထားခြင်းပင်ဖြစ်သည်။

PROMISE ME❣[Myanmar Fic]Where stories live. Discover now