Chapter 23

1.1K 74 2
                                    

Unicode>>>

"ပြန်ပြီနော် bye မနက်ဖြန်တွေ့မယ်"

ကိုးလ် မဒီတို့ကို နှုတ်ဆက်ပြီး Rey နောက်ပါလာသည်။ ပထမအကြိမ်စီးပြီးသွားပြီမို့ သိပ်တော့ မကြောက်တော့..
ကိုးလ် Rey သူ့ကို အိမ်ပြန်လိုက်ပို့မယ် ထင်ပေမယ့် မရင်းနီးတဲ့ လမ်းကိုရောက်လာတာကြောင့် Rey ကို

"Rey ဘယ်သွားတာလဲ အိမ်ပြန်လိုက်ပို့မလို့ မဟုတ်ဘူးလား"

ကိုးလ် မေးလိုက်တော့ Rey အနောက်ကို လှည့်လာပြီး

"တစ်နေရာ ခနလိုက်ခဲ့"

"အင်းအင်း ရှေ့ကိုပဲကြည့်.."

Rey ဆိုင်ကယ်မောင်းနေကာမှ အနောက်လှည့်လာတာကြောင့် ကိုးလ် လန့်သွားပြီး Rey ခါးကိုဖက်ထားတဲ့ လက်တွေ တင်းကြပ်သွားသည်။

Rey ရှေ့ကို ပြန်ကြည့်လိုက်ပြီး အရှိန်ကိုပါ လျှော့ပေးလိုက်တော့မှ လက်က အနည်းငယ် ပြေလျော့သွားတော့သည်။

"ဒါက ဘယ်နေရာလဲ"

ကိုးလ် Rey ခေါ်လာတဲ့ နေရာကိုလှည့်ပတ်ကြည့်မိသည်။ တောင်ကုန်းလေးတစ်ခုဖြစ်ပြီး သစ်ပင်တွေ ပန်းပင်တွေကလွဲလို့ ဘာဆိုဘာမှမရှိပေမယ့်လည်း လေညင်းလေးတွေ တိုက်ခတ်နေတာကြောင့် စိတ်အပန်းဖြေရန် နေရာကောင်းတစ်ခု......

"ဒီနေရာက ကိုယ် ငယ်ငယ်ကတည်းက လာနေကျနေရာလေ နှစ်တွေကြာတဲ့အထိ ဘာ်သူမှမသိဘဲ ကိုယ့်ရဲ့ ကိုယ်ပိုင်နေရာတစ်ခုလိုဖြစ်နေတာ ဝမ်းနည်းတာပဲ ဖြစ်ဖြစ် ပျော်လို့ပဲဖြစ်ဖြစ် ဒေါသထွက်လို့ပဲဖြစ်ဖြစ် ဒီနေရာကိုပဲ အမြဲလာပြီး စိတ်အနားယူနေကျ......."

Rey က သူ့ကိုမကြည့်ပဲ ရှေ့က မြင်ကွင်းကိုသာ ငေးမောနေရင်း ပြောနေတာမို့ ကိုးလ် တိတ်တိတ်လေးနားထောင်ရင်း စိတ်ထဲတွင် Rey အသေးစားလေးကို ပုံဖော်ကြည့်နေမိတယ်။
Rey ကတော့ စကားဆက်ပြောနေဆဲ

"ပြောရရင် ကိုယ့် ငယ်ဘဝတစ်ခုလုံးကို တစ်ယောက်တည်းဖြတ်သန်းလာတာ မိဘတွေကလည်း မအားတော့ အဖော်ပြုပေးဖို့အချိန်ဆိုတာ သိပ်မရှိခဲ့ဘူး အဲ့တာကြောင့် ကိုယ်ရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေကို မမျှဝေတတ်ဘူး....... အင်းးးး မမျှဝေချင်ဘူးလို့ပြောရင် ပိုမှန်မှာပေါ့.."

PROMISE ME❣[Myanmar Fic]Where stories live. Discover now