Chapter 7

1.4K 64 0
                                    

Unicode>>>

ကျောင်းပိတ်ရက်ဖြစ်၍ ကိုးလ် အိပ်ရာစောစောထရန် ငြင်းဆန်ကာ အပြည့်အဝ အနားယူရန်တွေးထားသော်လည်း မနက် ၇ နာရီခန့်တွင် အိမ်အောက်ထပ်၌ တစ်စုံတစ်ယောက် ရောက်လာသည့်အသံမျိုး ဝိုးတိုးဝါးတား ကြားနေရသည်။ အိပ်ချင်စိတ်က ကြီးစိုးနေသည်မို့ ဂရုမစိုက်ဘဲ ပြန်အိပ်ရန်ပြင်လိုက်တော့

Knock Knock!

"ကိုးလ်.. ကိုးလ် နိုးပြီလား"

ကိုးလ်အခန်းတံခါးခေါက်သံနှင့်အတူ နာမည်ခေါ်သံပါ ကြားလိုက်သည်။ ပစ္စုပ္ပန်နဲ့ အိပ်မက်ကမ္ဘာကို ကွဲကွဲပြားပြားမခွဲခြားနိုင်သေးတဲ့ ကိုးလ်တစ်ယောက် အသံကြားသော်လည်း တုပ်တုပ်မျှမလှုပ် အိပ်မြဲအိပ်ဆဲ... မကြာလိုက် ထိုတံခါးခေါက်သူက စိတ်ရှည်တော့ပုံမရစွာ အခန်းထဲဝင်လာသည်။ ထို့နောက် တစ်ဖန်

"ကိုးလ် ထတော့ ဟေ့ရောင်!"

ဆက် ပြောလည်းပြော ရိုက်လည်းရိုက်ကာ နှိုးနေသည်ကြောင့် ကိုးလ်ဆက်အိပ်၍ မရတော့သဖြင့် ထထိုင်လိုက်ကာ

"ဘာလဲကွာ မင်းကလည်း အိပ်နေတာကို"

"မင်းမေ့နေပြီလား ငါတို့ basketball သွားဆော့ဖို့ ချိန်းထားတာကို"

ဆက် ပြောလိုက်တော့မှ ကိုးလ် အရင်နှစ်ရက်က basketball ကစားရန် ချိန်းထားသည်ကို သတိရသွားတော့သည်။

"အာ ဆောရီး ငါမေ့သွားတာ ခနစောင့် ​ပြီးရင် ထွက်ခဲ့မယ်"

ကိုးလ်ပြောကာ ရေချိုးခန်းထဲဝင်သွားတော့ ဆက် ရှုပ်ပွနေကာ အိပ်ရာကိုတစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။

"ဒီကောင်တော့ ယောက်ျားရရင် လွယ်မှာမဟုတ်ဘူး ဟင်းးး"

ထို့နောက် တွန့်ကြေနေသော အိပ်ရာကို ပြန်ပြင်ကာ စောင်ကိုပါ တစ်ခါတည်းခေါက်လိုက်သည်။ မကြာခနရောက်ဖူးနေကျ အခန်းက နဂိုအတိုင်းပြောင်းလဲမှုမရှိ...Balcony ဘက် ထွက်လိုက်ပြီး ဘာရယ်မဟုတ် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း တစ်နေရာအရောက် မျက်လုံးအစုံက ရပ်တန့်သွားသည်။

ကိုးလ် ရေချိုးခန်းထဲက ထွက်လာတော့ balcony မှာ တောင့်တောင့်ကြီး ရပ်နေတဲ့ ဆက်..

PROMISE ME❣[Myanmar Fic]Where stories live. Discover now