Unicode>>>
ကိုးလ်တို့ ညနေကျောင်းဆင်းတော့ အိမ်ကို တစ်ခေါက်ပြန်ပြီးမှ လိုတာတွေသွားဝယ်ရန် သဘောတူလိုက်ကြပြီး ၅ နာရီတွင် Coral Rich Plaza ၌ တွေ့ရန်ချိန်းလိုက်ကြသည်။
ကိုးလ်အိမ်ပြန်ရောက်တော့ ရေချိုးလိုက်ပြီး အဖြူရောင် sweatshirt အပေါ်မှာ ခိုပြာရောင် vest ကို အမဲရောင် pants နဲ့ တွဲဖက်ဝတ်ဆင်လိုက်တယ်။ ထို့နောက် အောက်ထပ်ကိုဆင်းလာပြီး အမေဖြစ်သူအား အကျိုးအကြောင်းပြောကာ driver ဖြင့်သာ Coral Rich Plaza ကို ထွက်ခဲ့သည်။
ကိုးလ် Plaza ကိုရောက်တော့ ဆက်က ရောက်နှင့်နေပြီ။ ဆက်က အဖြူရောင် shirt ပေါ်မှာ အစိမ်းပုပ်ရောင် vest ထပ်ဝတ်ထားပြီး အစွန်းကို အသားရောင် pants ထဲ ထည့်ဝတ်ထားသည်မို့ ကိုးလ်၏ ဝတ်စားပုံနှင့်ပင် ခပ်ဆင်ဆင်။ နှစ်ယောက်သား အချင်းချင်း ကြည့်လိုက်ပြီး ရယ်ကာ
"ဘာလို့ မင်းနဲ့ လာဆင်နေတာတုန်း"
ဆက်က ပြောလာတော့ ကိုးလ်လည်း
"မင်းနဲ့ကလေ ငါးခါအပြင်သွားရင် သုံးခါက အဲ့လိုခပ်ဆင်ဆင် စိတ်ညစ်တယ်"
ကိုးလ်နဲ့ဆက်တို့ စကားပြောနေတုန်း Rey နဲ့ သုတတို့ရောက်လာသည်။ ကိုးလ် အတူတူရောက်လာတဲ့ ထိုနှစ်ယောက်အား တစ်ချက်ကြည့်ကာ အကြည့်လွှဲလိုက်ပြီး မဒီ့ကို ဖုန်းဆက်ရန်ပြင်လိုက်သည်။ ဒါကိုသိတဲ့ ဆက်က
"မင်းတို့နှစ်ယောက်က အိမ်ချင်းနီးတာလား"
ဆက်ရဲ့အမေးကို သုတကခေါင်းညိတ်ပြီး
"အင်း ငါတို့က မျက်စောင်းထိုးမှာနေတာ"
ထိုသို့ဖြေလာသည်။ Rey ကတော့ ရောက်ကတည်းက စကားမပြောသေး ကိုးလ်ကိုတစ်ချက်ကြည့်လိုက်ပြီးတော့
"မဒီမရောက်သေးဘူးလား"
မေးလိုက်သည်မှာ ကိုးလ်ကိုဖြစ်သော်လည်း ကိုးလ်က မဖြေဘဲ ဖုန်းဆက်နေတာကြောင့် ဆက်ကပဲ
"အင်း သူ့အိမ်က နည်းနည်းဝေးတယ် ကိုးလ်အခုဖုန်းဆက်နေတယ် ရောက်တော့မှာပါ"
"အင်း"
ကိုးလ် ဘာမှမဆိုင်သော်လည်း Rey အား စိတ်ဆိုးချင်နေသည်။ အမြဲ သုတနဲ့ နေ့လယ်စာ ထွက်စားကြပြီး အခုလည်း အတူတူရောက်လာတော့ စိတ်ထဲမှာ ဘဝင်မကျ။ ဒါပေမယ့်လည်း ကိုယ့်မှာ ဝင်စွတ်ဖက်နိုင်တဲ့ အခွင့်အရေးမရှိတာကြောင့် တစ်ယောက်တည်းသာ စိတ်ဆိုးနေရသည်။ တစ်ဖက်လူက သိမှာမဟုတ်ပေမယ့်လည်းပေါ့။ ကိုးလ် စိတ်ဆိုးနေပေမယ့်လည်း Rey ကို တစ်ချက်မျက်လုံးစွေကြည့်လိုက်သေးသည်။
YOU ARE READING
PROMISE ME❣[Myanmar Fic]
Non-FictionPromise me that you won't leave me, my baby❣ start date: 18.4.2024 end date: 2.6.2024 Both Unicode and Zawgyi Available>>> Book Cover #crd to pinterest