Chapter 14

1.2K 48 0
                                    

"ကဲ ကလေးတို့ လူစုကြ ကိုယ့်အတန်းနဲ့ကိုယ် စုမယ်"

"ပထမနှစ် class 1 ဒီဘက်ကိုလာပါ"

trip ထွက်မည့်နေ့၌ တာဝန်ကျ ကြီးကြပ်သူတွေ ကလေးတွေ ကျောင်းဝင်းရှေ့၌ စုရုံးနေကြသည်။

ကိုးလ် ကျောင်းရောက်တော့ ကိုတည်မြဲအာဏာ စောင့်နေတဲ့
ကားနားကို သွားလိုက်သည်။ ကိုးလ်ကိုမြင်တော့ ပြုံးပြလာပြီး

"ကိုးလ် ရောက်ပြီလား Eric နဲ့ တူတူလာတာလား"

"ဟုတ် ကိုကြီးက class 4 ကို ကြီးကြပ်ရတာ"

"ဟုတ်ပြီဟုတ်ပြီ အခုမှ 5 ခွဲပဲရှိသေးတာ ဘာစားပြီးပြီလဲ"

"အာ ဘာမှတော့ မစားရသေးဘူး ကျွန်တော် မနက်အစောကြီး သိပ်မစားနိုင်လို့ မုန့်တော့ပါတယ်"

"အစ်ကို့မှာလည်း မုန့်တွေပါတယ် ရော့"

တည်မြဲက ပြောရင်းဆိုရင်းနဲ့ သူ့လွယ်အိတ်ထဲက ဖော့ဘူးနဲ့ထုပ်ထားတဲ့ ဘူးကိုထုပ်ပေးလာသည်။

"အာ ရပါတယ် ကျွန်တော်.."

ကိုးလ် အားနာ၍ ငြင်းရန်ပြင်သော်လည်း တည်မြဲက ငြင်းခွင့်မပေးဘဲ

"ယူပါ အစ်ကို့သူငယ်ချင်းရဲ့ ညီလေးဆိုတော့ အစ်ကို့မှာလည်း စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်လေ"

ကိုးလ်လည်း မငြင်းသာတော့ဘဲ ထိုဘူးအားယူလိုက်ကာ

"ကျေးဇူးပါဗျ"

ကိုးလ်တို့စကားပြောနေစဥ် အနားကို အိပ်ချင်မူးတူးနဲ့ ဆက်ရောက်လာပြီး

"ကိုးလ် အစောကြီးရောက်နေတာလား"

"သိပ်မစောပါဘူး စောစောကမှ ရောက်တာ"

"အင်း မမကလည်း ငါ့ကိုမနှိုးဘဲ အရင်ထွက်သွားတာ"

တည်မြဲ ဆံပင်လေးတွေရှုပ်ပွပြီး ဆူပုပ်ပုပ်ဖြစ်နေတဲ့ ဆက်ကိုကြည့်ပြီး အသည်းယားလာတာကြောင့် ခေါင်းကို ဆွဲဖွလိုက်တော့ မျက်စောင်းထိုးကြည့်လာပြီး ခေါင်းကို တစ်ဖက်ကို ယိမ်းပြီးရှောက်ဖယ်သွားတယ်။ တည်မြဲ အိတ်ထဲက ကျန်နေတဲ့ မုန့်ဘူးကို ထုတ်လိုက်ပြီး

"ရော့..."

ပေးလိုက်တော့ တည်မြဲကို မသင်္ကါစွာကြည့်လာပြန်တယ်။ တည်မြဲလည်း ကူကယ်ရာမဲ့စွာ ရယ်လိုက်ပြီး

PROMISE ME❣[Myanmar Fic]Where stories live. Discover now