Unicode>>>
"သုတ ဖယ်ကွာ ဘယ်လိုဖြစ်နေလဲ"
"ခေါ်ပြန်ပြီအဲ့လို ဘာကိုသုတလဲ"
"သွားဖယ် အဲ့လိုစကားနားမထောင်လို့ မခေါ်တာ"
မဒီ ဟင်းချက်နေသည်ကို အနောက်ကနေသိုင်းဖက်ထားတဲ့ သုတကြောင့် အလုပ်ကမတွင်....စိတ်တိုတိုနဲ့ အော်လိုက်တာကို ဂရုမစိုက်စွာပင် အခေါ်အဝေါ်လာပြင်ပေးနေသေးသည်။
"ကိုယ့်နာမည်မှာ မောင်ပါနေတာ အလကားမှတ်နေတာလား"
"အေးလေ နာမည်ပါဆိုမှ နာမည်ပေါ့ ဘာလုပ်ရအုံးမှာ"
"နာမည်သက်သက်မှ မဟုတ်တာ မဒီခေါ်ဖို့လေ.."
မဒီလာပြောင်နေတဲ့ သုတလက်မောင်းကို တစ်ချက်ရိုက်လိုက်ပြီး
"လာရှုပ်မနေနဲ့ ကူမှာဆိုကူ မကူရင်သွားတော့"
"အခုတော့ ကိုယ့်ကို အရှုပ်ထုပ်လို့မြင်နေပြီပေါ့"
သုတပြောရင်း မဒီ့ပါးတစ်ဖက်ကို လှမ်းနမ်းလိုက်တော့ မဒီအော်သံစူးစူးထွက်လာသည်။
"မောင်! မလုပ်ပါနဲ့ဆို!"
"အဲ့လိုခေါ်မှပေါ့ ကိုယ်မနှောင့်ယှက်တော့ဘူး သွားတော့မယ် ဂရုစိုက်နော် ဓားမထိစေနဲ့"
သုတ မဒီ့နှာခေါင်းကို လက်နဲ့ညစ်ခဲ့လိုက်ပြီး မီးဖိုထဲက ထွက်ခဲ့တော့သည်။
ထို့နောက် ဖုန်းကိုထုတ်ပြီး Rey ကို ဆက်ကာ"Rey ကိစ္စတွေကို မြန်မြန်ရှင်းအုံး ငါ့အဖေနဲ့အမေကိုလည်း ပြောမရဘူးဖြစ်နေတယ် ကြာရင် မဒီပါသိသွားတော့မှာ"
'အင်း စိတ်မပူပါနဲ့ ငါက ကိုးလ်နဲ့ပဲယူမှာပါ'
"ငါကရော နင်နဲ့ယူချင်တယ် ထင်နေလား"
'ဟက်..နင်ဒီကိစ္စကို ဘယ်သူ့ကိုမှ မသိစေနဲ့ အထူးသဖြင့် ကိုးလ်နဲ့ မဒီ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်သိရင်ကို ငါတို့ကိစ္စတုံးပြီနော်'
"အေးပါ အဲ့တာဆိုဒါပဲ"
'အင်း'
သုတ စိတ်လေးစွာ သက်ပြင်းချလိုက်သည်။ အိမ်ကမိဘနှစ်ပါးကိုလည်း ထိုင်ရှိခိုးချင်စိတ်ပေါက်တာ အခါခါ။ သူတို့ကလေးက straight လား lesbian လားလည်း သေချာမသိ။ ပြောတော့လည်းမယုံ၊ Rey နဲ့ ပေးစားမယ်ချည်း ဇွတ်လုပ်နေသည်။ မဒီ့ကိုလည်း မပြောရဲ တော်ကြာ စိတ်ဆိုးပြီး ချော့မရမှ ဟုတ်ပေ့ဖြစ်နေအုံးမည်။ သုတလည်း တတ်နိုင်သလောက် အိမ်ပြန်ပြီး မိဘတွေကို ဖျောင်းဖြနေပေမယ့် မယုံကြ။ Rey တို့ဘက်က အကြောင်းပြချက် ခိုင်ခိုင်မာမာနဲ့ ငြင်းမှ ထိုစေ့စပ်ပွဲကိစ္စဖျက်ပေးမည်တဲ့။ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်တဲ့ မိဘနှစ်ပါးလဲ၊ တစ်ရက်တော့ မဒီ့ကို ဆက်ဆက် ခေါ်သွားရမည်။
YOU ARE READING
PROMISE ME❣[Myanmar Fic]
No FicciónPromise me that you won't leave me, my baby❣ start date: 18.4.2024 end date: 2.6.2024 Both Unicode and Zawgyi Available>>> Book Cover #crd to pinterest