Chapter 6

1.6K 88 0
                                    

Unicode>>>

"ကိုးလ်ရေ နင်အဲ့လောက်အ,ရလားဟယ်"

မဒီ၏ အံကြိတ်ကာ ပြောလိုက်တဲ့ လေသံတိုးတိုးကြောင့်

"ဟင် ဘာဖြစ်လို့လဲ"

ကိုးလ် နားမလည်နိုင်စွာဖြင့် မေးလိုက်တော့ မဒီထံမှ သက်ပြင်းချသံထွက်လာသည်။

"ဟင်းးးးးး"

ထို့နောက် မဒီ စားပွဲပေါ် တံတောင်ဖြင့်ထောက်ကာ လက်ဖဝါးနှစ်ဖက်ကိုတော့ နှဖူးကိုထောက်ထားလျက် ခေါင်းငိုက်လိုက်ပြီး

"ခဏ ငါစဥ်းစားအုံးမယ်" ဟုဆိုကာ အချိန်တစ်ခုထိကြာအောင် ခေါင်းမော့မလာတော့ပေ။

Rey ကို မုန့်ပေးဖို့ မဒီ ကိုးလ်အား တစ်ခုခုယူလာခိုင်းလိုက်သော်လည်း ချစ်စရာသူငယ်ချင်းလေးက သူမနှင့် ဆက်အတွက်ပါ ယူလာလေသည်။ ကိုးလ်က အရင်ကတည်းက သူတစ်ခုခုစားတိုင်း သူငယ်ချင်းနှစ်ယောက်အတွက်ပါ ယူလာနေကျမို့ မဆန်းသော်လည်း ဆန်းနေတာက ထိုမုန့်ထုပ်ကို Rey ရှိနေစဥ် သူမတို့အား ပေးလိုက်ခြင်း။ ပေးတာကလည်း ရိုးရိုးမပေး၊ 'အမေကိုယ်တိုင်လုပ်ပေးလိုက်တဲ့ mini macaron' ဟု အထူးတလည်ပြောကာ ပေးလိုက်ခြင်းပင်။ နဂိုတည်းက ကိုးလ်တို့ထိုင်ခုံနဲ့ Rey ထိုင်ခုံက မဝေးသည်မို့ ပုံမှန်လေသံဖြင့်ပြောလျင်ပင် တစ်ဖက်လူ အာရုံများမနေပါက အတိုင်းသားကြားရသည်။ ထို့ကြောင့် မဒီလန့်ပြီး Rey ကို ကြည့်လိုက်တော့ သူကလည်း မဒီတို့ဘက်ကိုလှည့်ကြည့်နေသည်ကြောင့်

sh*t ပဲဟေ့ ဘယ်ကတည်းက ကြည့်နေတာလည်းမသိဘူး

နောက်ဆုံးမဒီလည်း မတတ်နိုင်တော့ဘဲ ကိုးလ်ဘက်လှည့်ကာ ‌လေသံလေးဖြင့်

"ကိုးလ် အခုသူ့အတွက်ယူလာတာကို နင်ကိုယ်တိုင်သွားပေးလိုက်တော့" ဟုပြောလိုက်သော်လည်း အလိုက်မသိတဲ့ ဖခမည်းတော်လေးက လေသံမလျှော့ဘဲ

"ဟင် ဘာဖြစ်လို့လည်း နင်ပဲ မသိအောင်." အူကြောင်ကြားစကားတို့ကို ဆိုနေတာကြောင့် မဒီအလန့်တကြား ကိုးလ်ရဲ့ ပါးစပ်ကို ပိတ်လိုက်တော့ မဒီ့ကို နားမလည်တဲ့ မျက်လုံးများနဲ့ ကြည့်လာ‌တာကြောင့် ပေါက်ကွဲသံစဥ်တွေကိုတတ်နိုင်သမျှ ထိန်းချုပ်လိုက်ရင်း ‌အံကြိတ်လိုက်ကာ

PROMISE ME❣[Myanmar Fic]Where stories live. Discover now