Chapter 10

886 53 0
                                    

Unicode>>>

Rey နေ့လည်စာစားပြီး class ထဲပြန်ရောက်တော့ သူ့ခုံပေါ်မှာ ထုံးစံအတိုင်းရောက်နေတဲ့ coffee ခွက်နဲ့ stick note လေး..... ထိုသို့ရောက်ရောက်နေတာ နှစ်ပတ်ကျော်ပြီဖြစ်ကာ ပို့သူ၏ အရိပ်အယောင်အား လုံးဝမမြင်ရသေး.... Rey ထိုခွက်အား ကောက်ယူလိုက်ပြီး စာသင်ခန်းထဲမှ ပြန်ထွက်ခဲ့သည်။ ထို့နောက် ဂိတ်ပေါက်ရှိ လုံခြုံရေးဦးလေးအား ပေးလိုက်တော့ ထိုဦးလေးက ရယ်ကာ

"ကဲ ဒီနေ့လည်း ရောက်လာပြန်ပြီ ကျောင်းသားလေး နှစ်ပတ်တောင်ကျော်ပြီ မင်းမသောက်ဘူးလား"

လုံခြုံရေးဦးလေးကြီး၏ စကားအား ပြန်မတုံ့ပြန်တော့ဘဲ ခေါင်းငုံ့ပြကာ ထွက်လာခဲ့သည်။

"ဟေ့ ကျောင်းသားလေး ဒီစာရွက်ရော မယူဘူးလား"

Rey အား stick note လေး ကိုင်ကာ လှမ်းမေးတဲ့ဦးလေးကြီးအား

"ဟုတ် မယူတော့ဘူးဗျ" အငြင်းစကားဆိုကာ ကိုယ့်စာသင်ခန်းထဲကိုယ် ပြန်ဝင်လာခဲ့တော့သည်။

Rey နှစ်ပတ်ကျော်သည်အထိ တစ်ရက်မပြတ်ရောက်လာတဲ့ ထိုကော်ဖီအား မသောက်ဖြစ်။ ခါးခါးသီးသီးခံစားချက်မျိုး ဖြစ်တာမဟုတ်ဘဲ သောက်လိုက်ရင် တစ်ဖက်လူကို မျှော်လင့်ချက်ပေးသလို ဖြစ်သွားမှာစိုး၍ အမြဲ ထိုလုံခြုံရေးဦးလေးကိုသာ ပေးလေ့ရှိသည်။ သူသွားပေးတိုင်းလည်း ထိုဦးလေးက stick note မယူဘူးလား ဟူ၍ မေးမြဲ။ ထိုအခါတိုင်း Rey က အငြင်းစကားဆိုရမြဲပင်။

"Rey!"

Rey class ဆီ လျှောက်လာတုန်း ဘေးနားကနေ သုတကျောကိုပုတ်လိုက် ခေါ်လိုက်သည်။

"အင်း ဘာလဲ"

"အဲ့ coffee မသောက်ဘူးလား"

သုတ၏ စပ်စပ်စုစုအမေးကို Rey ဂရုမစိုက်ဘဲနေတော့ သုတကလည်း အသားကျစွာ စကားဆက်ပြောလာသည်။

"ပေးတဲ့သူတော့ သနားပါတယ် နင်ကဘယ်တော့မှမသောက်တော့ မသိရင် လုံခြုံရေးဦးလေးကို အလှူပေးနေတာကျနေတာပဲ"

".............စကားအရမ်းများတယ်"

Rey ငြိမ်နေရာမှ ပြောလိုက်တဲ့စကားကြောင့် သုတ Rey အား မျက်မှောင်ကြုပ်ကာ ကြည့်လိုက်ပြီး

PROMISE ME❣[Myanmar Fic]Where stories live. Discover now