ဒီနေ့လေးက သူတို့အတွက်ဒီနေရာ၊ဒီအရပ်ဒေသလေးကိုစွန့်ခွာနှုတ်ဆက်ရမဲ့နောက်ဆုံးရက်လေးပေါ့။
ဒီနေ့မနက်ဉီးထွန်းပြန်လာလို့ ပြန်မယ့်အကြောင်းပြောပြီးပြန်ဖို့ပြင်ဆင်ခဲ့ကြသည်။ကာရံလည်းနေကောင်းသွားပြီမို့ နှုတ်ဆက်တဲ့အနေနဲ့ရွာထဲက အသိတွေကိုလိုက်နှုတ်ဆက်ပြီး ရွာရဲ့ရှု့ခင်းလေးတွေကိုလဲနှုတ်ဆက်တဲ့အနေနဲ့ လိုက်လံကြည့်ရှု့ခဲ့ကြတယ်။"ငါတော့ဒီရွာလေးကိုလွမ်းနေရတော့မှာ မောင်"
"တူတူပဲ"
"ငါဒီရွာလေးကိုတစ်နေ့ကျရင် ပြန်လာခဲ့အုန်းမှာ သိလား"
"အသဲလာရင် မောင်လဲလာမှာပေါ့ အသဲသိလား မောင်ကလေ အသဲသွားတဲ့အရပ်ဒေသတိုင်းကိုလိုက်မှာ"
"အင်း ငါသိပါတယ်"
ရွာရဲ့ပဲခင်းစိုစိုတွေကို မျက်နှာမူကာ နိဒါန်းပုခုံးပေါ်ကာရံက ခေါင်းလေးမှီထားပြီး ရွာမှာနေခဲ့တဲ့အချိန်၊ရွာလေးမှာရှိတဲ့သူတို့နှစ်ယောက်ရဲ့အမှတ်တရတွေ၊ပျော်ရွှင်မှု၊ဝမ်းနည်းမှုတွေကို ပြန်တွေးနေမိကြတယ်။
လေကတစ်ဖြူးဖြူးတိုက်တော့ နှစ်ယောက်လုံးရဲ့ဆံပင်လေးတွေက လေမှာဝဲလို့တစ်ဖျက်ဖျက်နဲ့ပေါ့။
နိဒါန်း ကာရံရဲ့မျက်နှာလေးကိုအမြတ်တနိုးငုံ့ကြည့်မိတော့ ဝမ်းနည်းရိပ်ငွေ့ငွေ့လေးရှိနေတာမြင်တော့ ကာရံရဲ့ခေါင်းလေးကိုအသာပွတ်ပေးပြီး နှစ်သိမ့်ရတယ်။"ဝမ်းမနည်းပါနဲ့မောင့်အသဲရယ် မောင်တို့တစ်နေ့ကျပြန်လာမှာပဲလေ"
"မောင်"
"ဗျာ"
"မောင်ဟိုကိုပြန်ဖို့ရင်မပူဘူးလား"
"မောင့်အသဲပါရင် မောင့်ရင်ကငြိမ်းချမ်းပြီးသားပါဗျာ"
သူတို့မပြန်ခင် ပစ္စည်းပြင်ဆင်ဖို့နဲ့ဉီးနိုင်ကိုနှုတ်ဆက်ဖို့အိမ်ကိုပြန်လာကြသည်။
"ဉီးနိုင် ကျွန်တော်တို့ပြန်တော့မယ်နော်"
"အေးပါကွာအေးပါ"
ဉီးနိုင်က ပုခုံးပေါ်တင်ထားတဲ့ ပုဝါစနဲ့ မျက်ရည်စတို့ကိုသုတ်နေရှာတယ်။သူတို့လာတုန်းကဉီးနိုင်ကတစ်ယောက်ထဲဖြစ်ကာ လူကြီးဆိုတော့အထီးကျန်မှုတော့ရှိမှာပေါ့။သူတို့နဲ့အတူနေခဲ့တဲ့ဉီးနိုင်က သူတို့ပြန်တော့မယ်ဆိုတော့ အရင်လိုအထီးကျန်ကျန်နဲ့ တစ်ယောက်ထဲနေခဲ့ရမှာပေါ့။
ဉီးနိုင်ကိုကြည့်ပြီးသူတို့လဲရင်ထဲမကောင်းဖြစ်ခဲ့ရတယ်။ကာရံဆို လိုက်တောင်ငိုမိမတတ်ဖြစ်ခဲ့ရတာ။
YOU ARE READING
My possession doctor (Completed)
Любовные романы❗️Unicode & Zawgyi❗️ ဆယ်ကျော်သက်အရွယ်မှာကျွန်တော့်နှလုံးသားကိုပထမဆုံးလှုပ်ခတ်စေသူက ခင်ဗျားပါမင်းကာရံညို #နိဒါန်းသခင် မောင်နဲ့ငါက တစ်ယောက်ကိုတစ်ယောက်မချစ်ခဲ့သင့်ဘူး #မင်းကာရံညို 🔞warning🔞‼️ ဆယ်ကျော်သက်အရွယ်မှာကျွန်တော့်နှလုံးသားကိုပထမဆုံးလှုပ်ခတ်စေသ...