ကားပေါ်ရောက်တာတောင်စကားတစ်ခွန်းမှမပြောဘဲမျက်မှောင်ကုတ်ကာ ကားမောင်းနေသူကိုကာရံဘယ်လိုချော့ရမလဲမသိပေ။တောက်လျှောက်ကိုယ်ကကြီးစိတ်ကောက်လာပြီးသူစိတ်ကောက်တော့ကိုယ့်ဘက်ကဘယ်လိုပြန်ချော့ရမလဲမသိပေ။
"မောင်"
"........"
"မောင်ဘာဖြစ်နေတာလဲ"
"..........."
"မောင်!"
"ကျစ်...ဘာလဲကွာ"
"ဘာဖြစ်နေတာလဲ"
".........."
"မောင်!"
"အင်း"
"မောင်ကစိတ်ကောက်နေတာလား သူကငါ့သူငယ်ချင်းအသစ်ပါ အတန်းထဲမှာငါနဲ့ဘေးချင်းကပ်ရပ်မို့ခင်သွားတာ"
"ခင်ဗျားကိုဘယ်သူကအာ့တာတွေမေးနေလို့လဲ အလကား ကားမောင်းနေတာကိုအာရုံတွေနောက်အောင်လာပြောနေတယ် ကျစ်"
"နိဒါန်းသခင်!"
"ကားမောင်းနေတယ် ခဏခဏမခေါ်နဲ့"
စိတ်ကောက်နေသူက မျက်နှာကြောကိုတစ်ချက်မှမလျှော့ပါပဲတစ်လမ်းလုံးလဲကာရံကိုတစ်ချက်ငဲ့မကြည့်သလို့စကားလဲမပြောပေ။
မနေနိုင်တဲ့ကိုယ်ကဘဲစခေါ်ရတော့၏"နိဒါန်း....မောင်....ငါ့ကိုကြည့်ပါအုန်းမောင်ရယ်"
"......."
သူ့ကိုတစ်စက်မှလဲမကြည့်သလို စကားလဲပြန်မပြောပေ။
"ငါတို့ကဘာလုပ်နေလို့မင်းကစိတ်ဆိုးနေတာလဲ တကယ်စိတ်တိုလာပြီ"
"ပြောင်းပြန်တွေလာပြောမနေနဲ့ကိုမင်းကာရံညို! ခင်ဗျားဘက်ကအေးဆေးဘာမှမဟုတ်ပါဘူးဆို ကျွန်တော့်ကိုသူ့ရှေ့မှာချစ်သူလို့မိတ်ဆက်ပေးခဲ့ရောပေါ့ ဘာလဲကျွန်တော့်ကခင်ဗျားချစ်သူမဟုတ်ဘူးလား"
"မိတ်မဆက်ပေးဘူးဆိုတာက သူနဲ့ကဒီနေ့မှသိတာပြီးတော့ငါချစ်သူရှိမှန်းသိရင်သူငါ့ကိုရှိန်သွားမှာဆိုးလို့!"
"တော်လိုက်တော့ခင်ဗျား! ဘာလဲရှိန်မှာဆိုလို့ဟုတ်လား အဟွန်း အေးပေါ့သူခင်ဗျားကိုရှိန်သွားရင်ဒီနေ့လို့ခါးကိုင် လက်အကိုင်မခံရတော့မှာစိတ်ပူနေတာပေါ့ ဟုတ်သလားကိုမင်းကာရံညို!"
YOU ARE READING
My possession doctor (Completed)
Roman d'amour❗️Unicode & Zawgyi❗️ ဆယ်ကျော်သက်အရွယ်မှာကျွန်တော့်နှလုံးသားကိုပထမဆုံးလှုပ်ခတ်စေသူက ခင်ဗျားပါမင်းကာရံညို #နိဒါန်းသခင် မောင်နဲ့ငါက တစ်ယောက်ကိုတစ်ယောက်မချစ်ခဲ့သင့်ဘူး #မင်းကာရံညို 🔞warning🔞‼️ ဆယ်ကျော်သက်အရွယ်မှာကျွန်တော့်နှလုံးသားကိုပထမဆုံးလှုပ်ခတ်စေသ...