ဒီနေတော့ ကာရံမတွေ့ရတာကြာပြီဖြစ်တဲ့သူငယ်ချင်းတွေနဲ့သွားတွေ့မှာဖြစ်တယ်။
သူလဲလိုက်မယ်ဆိုလို့ခေါ်လာခဲ့လိုက်၏သူကကားမောင်းပြီးကာရံကတော့ကားပေါ်တွင်မုန့်စားကာလိုက်လာလိုက်သည်။သူငယ်ချင်းတွေနဲ့ချိန်းထားသည့်နေရာက*.....နားကစားသောက်ဆိုင်တစ်ခုမှာဖြစ်၏
စားသောက်ဆိုင်ရှေ့ရောက်တော့ကားကိုကားပါကင်မှာသွားရပ်ပြီး သူတို့လဲကားထဲမှဆင်းလာခဲ့လိုက်သည်။
တစ်လမ်းလုံးအကောင်းလမ်းလျှောက်နေပြီးတော့စားသောက်ဆိုင်ရှေ့ရောက်မှသူကကာရံလက်ကိုဆွဲကိုင်လိုက်တာဖြစ်သည်။"ဘာလို့!"
"ဘာကိုဘာလို့လဲ မောင်ကခင်ဗျားချစ်သူလေ လက်တောင်ကိုင်လို့မရဘူးလား"
ကာရံပြောစကားတောင်မဆုံးသေး သူကဖြတ်ပြောတာဖြစ်သည်။ပြီးတော့ကာရံလက်ကိုဆွဲကာ စားသောက်ဆိုင်ထဲဝင်လာကြသည်။ကာရံလည်းသူငယ်ချင်းတွေထိုင်နေသည့်ဝိုင်းကိုလှည့်ပတ်ရှာနေရသည်။
ကာရံတွေ့တောင်မတွေ့သေး သူကကာရံလက်ကိုဆွဲကာ ထိုဝိုင်းသို့သွားနေပြီဖြစ်သည်။သူခေါ်သွားမှကာရံလည်းသူငယ်ချင်းတွေကိုမြင်တော့သည်။ဝိုင်းရောက်တော့အားလုံးကပုံမှန်ပေမဲ့ပုံမှန်မဟုတ်တာက မောင်နှင့်အကိုပင်။သူငယ်ချင်းတွေပဲတွေ့ဖို့ချိန်းထားပေမဲ့အကိုကရောက်နေတာဖြစ်၏ကာရံလည်းခုံအလွတ်မှာဝင်ထိုင်လိုက်ပြီးသူ့ကိုလဲထိုင်ခိုင်းလိုက်သည်။"ထိုင်လေ မတ်တပ်ပဲနေတော့မှာလား"
ပြောတော့သူကကာရံဘေးတွင်ဝင်ထိုင်သည်။မျက်နှာကလည်းစူပုတ်နေကာ တစ်လောကလုံးသူ့လုပ်စာထိုင်စားနေသည့်ရုပ်နှင့်။
"ရုပ်ကိုပြင်စမ်း"
ကာရံသူ့နားနားတိုးကပ်ပြီးပြောလိုက်တော့"မောင်မှစိတ်မကြည်တာတဲ့"ကာရံလည်းပြောမရသူ၏ဗိုက်ခေါက်ကိုခုံအောက်ကနေလှမ်းလိမ်ဆွဲလိုက်တော့ ကာရံကိုဘုကြည့်ကြည့်ပြီးမျက်နှာပိုးကိုအနည်းငယ်ပြင်လိုက်သည်။
"မင်းတို့ဘာစားကြမှာလဲမှာလေ"
"အော် အင်း ညီလေးမှာမယ်"
ကာရံတို့အားလုံးစားချင်တာတွေမှာပြီးတော့ နဒီကစပြီး
"အားလုံးဒီနေ့တွေ့တာကဒီလိုရုပ်တွေလုပ်နေဖို့မဟုတ်ဖူးနော် ငါတို့ပြောစရာတွေရှိတယ်"
YOU ARE READING
My possession doctor (Completed)
Romance❗️Unicode & Zawgyi❗️ ဆယ်ကျော်သက်အရွယ်မှာကျွန်တော့်နှလုံးသားကိုပထမဆုံးလှုပ်ခတ်စေသူက ခင်ဗျားပါမင်းကာရံညို #နိဒါန်းသခင် မောင်နဲ့ငါက တစ်ယောက်ကိုတစ်ယောက်မချစ်ခဲ့သင့်ဘူး #မင်းကာရံညို 🔞warning🔞‼️ ဆယ်ကျော်သက်အရွယ်မှာကျွန်တော့်နှလုံးသားကိုပထမဆုံးလှုပ်ခတ်စေသ...