P-8(Zawgyi)

87 6 0
                                    

တီ တီ

"ပြန်ခါနီးမှ ခြံရှေ့ကဘယ်သူလဲမသိဘူး ဖေဖေ ခဏလေးနော် သားသွားကြည့်ပေးမယ်။"
ညနေ၆နာရီခွဲနေပြီမို့ ကာရံတို့လည်းဖေဖေ့ဆီကပြန်ဖို့ပြင်ကြရတော့သည်။ကာရံတို့ မပြန်သေး၍ရှိုင်းတို့ကလည်း မပြန်ဘဲနေနေသေးတာဖြစ်သည်။အခုတော့ ကာရံတို့ကပြန်တော့မှာဖြစ်၍ရှိုင်းတို့လဲ ပြန်ဖို့ပြင်နေကြတာဖြစ်သည်။ညနေစောင်းမှ ဖေဖေ့အိမ်ရှေ့ဘယ်သူလာသည်မသိ။ဒါကြောင့်ကာရံလဲ ထွက်ကြည့်လာတာဖြစ်သည်။ခြံတံခါးဖွင့်လိုက်တော့ မြင်လိုက်ရသည်က အကို့ကိုဖြစ်သည်။အကိုသူတို့အိမ်ကိုဘယ်လိုသိသွားသည်မသိ။ပြီးတော့ ဒီချိန်မှဘာလာလုပ်တာပါလိမ့်။

"အကို ဘယ်လိုရောက်လာတာလဲ"

"ဖေဖေက ညီတို့ကိုလာခေါ်ခိုင်းလိုက်လို့ အကိုလည်း ညီ့အိမ်ရောက်ဖူးချင်တာနဲ့ထွက်လာလိုက်တာ"

"အော်ဟုတ် ဒါဆိုအိမ်ထဲလာလေ အကို"

ကာရံလဲ အကို့ကိုအိမ်ထဲခေါ်လိုက်သည်။

"ဘယ်သူလာတာလဲ သား"

ဖေဖေ့အပြောကြောင့် ဧည့်ခန်းထိုင်ခုံတွင်ထိုင်နေကြသော ၃ယောက်လုံး၏အကြည့်သည် ကာရံတို့ဆီသို့ဆိုက်ရောက်သည်။ထိုအခါ ကာရံအနောက်က လူကိုမြင်သည်နှင့် ပါးစပ်အဟောင်းသားနှင့်ပြူးပြဲကြည့်နေသော ရှိုင်းနှင့် မျက်မှောင်ကျုပ်ကာ ကြည့်နေသော နိဒါန်း။ဖေဖေနှင့်နဒီကတော့ ဒီအတိုင်းပဲ ကြည့်နေတာဖြစ်သည်။ဒါကြောင့် ကာရံလည်း ဖေဖေ့ကို အကိုနှင့်မိတ်ဆက်ပေးလိုက်သည်။

"ဖေဖေ ဒါ ဉာဏ်ဘုန်းမြင့်ရှိန်တဲ့ နိဒါန်းရဲ့အကိုပါ လာ အကိုဒီမှာထိုင်"

အကို့ကိုပါထိုင်ခုံမှာထိုင်ခိုင်းလိုက်သည်။အကိုကလည်း ဖေဖေ့ကို ပြုံးပြနှုတ်ဆက်သည်။

"သူက မင်းနဲ့ညီကိုတွေပေါ့ ဟုတ်လား နိဒါန်း"

ဒါကရှိုင်းမာန်သစ်ဆီကထွက်လာတဲ့အသံဖြစ်သည်။ရှိုင်းက နိဒါန်းကိုကြည့်ကာ မေးနေခြင်းဖြစ်သည်။နိဒါန်းကတော့ ဘာမှမပြောပဲ ရှိန်ကိုသာ ကြည့်နေတာဖြစ်သည်။အကိုကတော့ ရှိုင်းကို ကြည့်ကာ ခေါင်းညိမ့်ပြပြီး ပြန်လည်ဖြေကြားသည်။

My possession doctor (Completed)Where stories live. Discover now