P-5(Unicode)

4K 157 2
                                    

အေးစက်တဲ့ညယံလည်မှာ ဆေးလိပ်အခိုးငွေ့ကြားမှာရပ်နေတဲ့လူတစ်ယောက်။ထိုလူက ဒီအိမ်ကြီးရဲ့အရှင် ဦးကြီးမြတ်ဟန်ချီပင်။ ညနက်မှအိမ်ကိုပြန်လာတတ်ပြီး အခန်းရဲ့ဝရံတာမှာ ထွက်ပြီးဆေးလိပ်သောက်ကာ အတိတ်ကအကြောင်းတွေကို ပြန်စဥ်းစားနေမိတယ်။တစ်ချိန်က ငါလုပ်ခဲ့တာတွေကမမှားဘူးမဟုတ်လားလေ။ငါနောင်တရမယ်ဆိုရင်တောင် အခုမင်းအတွက်အလျော်ပြန်ပေးပါ့မယ် မင်းညို။

"ဟန်ချီ မအိပ်သေးဘူးလား"

"အင်း ခင် ကိုယ်အိပ်မပျော်လို့"

"ဟိုအကြောင်းတွေကိုပြန်တွေးနေပြန်တာလား ဟန်ချီရယ်"

"ကိုယ်မှားသွားလား ခင် ကိုယ်လုပ်ခဲ့တာတွေမှားသွားလား ခင်ရယ်"

"တော်ပါတော့ဟန်ချီရယ် ခင်လဲမပြောပြတတ်တော့ပါဘူး"

"ဟူးးး"

ခင်ရဲ့အပြောတွေက ကိုယ့်ကိုအခုချိန်ထိခွင့်မလွှတ်ပေးနိုင်သေးဘူးဆိုတာ ကိုယ်ခံစားမိပါတယ်ကွာ။အခုလိုတွေလုပ်ခဲ့မိလို့ ကိုယ်ဘာမှမဖြစ်ပေမဲ့ ခင့်ရဲ့အခုပုံစံကြောင့် ကိုယ့်ကိုနောင်တရစေတယ် ခင်ရယ်။

"တော်ပြီ ဟန်ချီ အဲ့ဆေးလိပ်တွေကိုမသောက်နဲ့တော့ သွားမယ် အိပ်ကြရအောင်"

ခင်ခေါ်လို့ အိပ်ယာပေါ်ကိုရောက်လာခဲ့ပင်မဲ့ ဦးဟန်ချီရဲ့အတွေးတွေကတော့ အတိတ်နေ့တစ်ခုဆီသို့ အတွေးပင်လယ်ဝေနေခဲ့တယ်။
ဒီလိုနဲ့ တစ်ညတာဟာ ကုန်ဆုံးသွားခဲ့တယ်။

"ဟိုတစ်ယောက်ကို သွားခေါ်ကြစမ်း"

"ဟုတ်ဟုတ် သခင်လေး"

သခင်လေးတစ်ယောက်အိပ်ယာနိုးထဲက ကာရံကိုမတွေ့၍သောင်းကျန်နေခြင်းပင်။ပိုဆိုးသည်က ကာရံက သခင်လေးရှိန်နှင့်မနက်ထဲက အတူပါသွားခြင်းပင်။

ဝှီးးးး

"အကိုကာရံပြန်ရောက်ပါပြီ သခင်လေး"

ဒုန်း ဒုန်း

"ကျေးဇူးပါနော် အကို"

"ရပါတယ် ညီရယ် မုန့်တွေလဲ စားအုန်းနော်"

"ဟုတ် အားး မင်းး"

အကိုက မနက်စာလိုက်ကျွေးမယ်ပြော၍ဟိုတစ်ယောက်လဲ မနိုးသေးလို့ ကာရံအကိုနဲ့လိုက်သွားခြင်းပင်။အပြန်မှာအကိုကအိမ်ကိုဘာဝယ်သွားချင်လဲပြောတော့ ကာရံလဲ ဟိုတစ်ယောက်အတွက် မုန့်တွေဝယ်လာခဲ့တာ။အကိုကအိမ်ပြန်ပို့ပြီးသူ့အလုပ်သွားတော့မှာမို့ ကာရံအကို့ကိုနှုတ်ဆက်နေခြင်းပင်။ဒါကို ဒီလူက ဘာဖြစ်မှန်းမသိ နောက်ကနေရုတ်တရက်ကြီးလက်ကိုဆွဲကာ သူ့ဘက်အတင်းဆွဲခေါ်တာဖြစ်သည်။

My possession doctor (Completed)Where stories live. Discover now