P-31(Unicode)

2K 62 13
                                    

တန်ခူးလသည်မြန်မာ့၁၂လရာသီတွင်ပထမဉီးဆုံးလဖြစ်သည်။တန်ခူးလ၌ နေ၏အပူရှိန်ကပြင်းလွန်းသောကြောင့် သစ်ပင်၊သစ်ရွက်တို့ခြောက်သွေ့၊ရင့်ရော်၊ကြွေကျကြလေသည်။တန်ခူးလတွင်တောင်လေကလဲမှန်မှန်တိုက်ခတ်သည်။ကံ့ကော်၊ပိတောက်စသော ပန်းတို့သည်လည်းပွင့်လန်းချိန်ဖြစ်၍ လေပြေငွေ့နှင့်အတူမွှေးရနံတို့ကိုပျံ့လွင့်စေသည်။ထိုကဲ့သို့ ပူပြင်းလှသောအချိန်အခါတွင် တစ်ဉီးနှင့်တစ်ဉီး၊တစ်ယောက်နှင့်တစ်ယောက်၊ရေများဖြင့်ဖြန်းပက်ကာ နွေ၏အပူဒဏ်ကိုစုပေါင်းအားဖြင့်တွန်းလှန်ကြပေသည်။မြန်မာ့ဓလေ့အတာရေသဘင်ပွဲကား အေးချမ်းချစ်ခင်ရင်းနှီးမှုကိုပေးစွမ်းလေသည်။သင်္ကြန်အချိန်အခါတွင်တစ်ဉီးနှင့်တစ်ဉီးရင်းနှီးမှုပိုသကဲ့သို့ အချစ်ဆိုသည့်အရာမှာလည်းလူအများကြားတွင် ဖြစ်ပေါ်လာတတ်သည်။

သင်္ကြန်အချိန်အခါတွင် မုန့်လုံးရေပေါ်၊မုန့်လက်ဆောင်း၊မုန့်ဟင်းခါး၊သာကူ၊အအေးစသည်ဖြင့်အလှူဆိုသည်မှာ နေရာအနှံ့အပြားတွင်တွေ့ရှိရတတ်သည်။တစ်ယောက်နဲ့တစ်ယောက်ရေပက်ဖျန်းရင်း ကျွေးသည်များကိုစားရသည်မှာလည်းပျော်စရာတစ်ခုပင်၊ထိုကဲ့သို့အချိန်တွင် အများအားဝေငှရန် မုန့်များလုပ်ရသည်မှာလဲသိပ်ကိုအရသာရှိလှသည်။
မုန့်လုပ်သူများကလည်း ပျော်ပျော်ရွှင်ရွှင်စုစုရုံးရုံးနှင့်ဖြစ်ကာ မုန့်စားကြရသူများလည်း သဒ္ဒါတရားအပြည့်ဖြင့်လုပ်ထားသည်များကိုစားရသောကြောင့် အရသာမှာ​အတော်ကောင်းလှလေသည်။

နိဒါန်းတစ်ယောက်ကတော့ သင်္ကြန်အကြိုနေ့ဖြစ်၍မုန့်လုံးရေပေါ်လုံးသည့် နှင်းဥတို့ခြံဝိုင်းတွင်ရောက်နေတာဖြစ်သည်။နှင်းဥပြောပုံအရဆို ကာရံကိုလဲမုန့်လုပ်ရန်ခေါ်ထားသည်တဲ့။ဟိုတစ်နေ့က ဉာဏ်ဉာဏ်ပြောသည့်အကြံတိုင်းလုပ်ခဲ့တာဖြစ်သည်။ဉာဏ်ဉာဏ်က ကိုအာကာကိုသဘောကျနေတာဖြစ်၍ ကိုအာကာကော ကာရံပါသဝန်တိုအောင်သူတို့နှစ်ယောက်ကလုပ်ကြမည်ဟူ၍ အစကတော့နိဒါန်းလက်မခံခဲ့ပေမဲ့ထိုနေ့က ကာရံမျက်နှာထားကိုမြင်လိုက်ရသည်မှာနိဒါန်းကိုရှေ့ဆက်တိုးချင်စိတ်ဖြစ်ပေါ်စေသည်အထိဆွဲဆောင်အားပြင်းလွန်းလှသည်။

My possession doctor (Completed)Where stories live. Discover now