P-28(Unicode)

2K 75 10
                                    

Basic Power ကုမ္မဏီရှေ့တွင် အနက်ရောင်ကားများ တန်းစီရပ်လာကြသည်။
ဝင်ပေါက်ရှေ့တွင်လည်း ကုမ္မဏီရှိအလုပ်သမားများခေါင်းငုံ့ကာရပ်နေကြသည်။ဒီနေ့က သူတို့ကုမ္မဏီအတွက်ထူးခြားတဲ့နေ့လေး။
ကုမ္မဏီပိုင်ရှင်ဦးကြီးမြတ်ဟန်ချီ၏သားငယ်နိဒါန်းသခင်က ဒီနေ့တွင်ပထမဆုံးကုမ္မဏီကို​လာမှာဖြစ်သည်။
အနက်ရောင်ကားများ၏ရှေ့ဆုံးတွင် ကြက်သွေးနီရောင်ကား၊
leather shoes
blackနှင့်suitအနက်ရောင်ဝတ်ဆင်ထားပြီးဆံပင်တွေကိုအပေါ်ကိုအပြောင်သိမ်းထားပုံကတည်ကြည်ခန့်ညားတဲ့ရုပ်ကိုပို၍ပေါ်လွင်စေသယောင်၊6ပေကျော်သည့်အရပ်ကြီးက အားလုံးထဲထင်းထွက်နေ၏အချိုးအစားကျတဲ့ခန္ဓာကိုယ်မှာဝတ်ဆင်ထားတဲ့ဖိနပ်၊အင်္ကျီနှင့်လက်တွင်ဝတ်ထားသောrolexနာရီတို့ကအစအဆင့်အတန်းရှိမှန်းကြည့်တာနဲ့သိစေသည်။ဆံပင်ကိုအပြောင်သိမ်းထားတာမို့ ထင်းထွက်နေတဲ့မေးရိုး၊မျက်ဝန်းက စူးရှတဲ့အကြည့်တွေနှင့်၊တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းပါး၊စုကျုံ့ထားတဲ့နက်ဆွေးဆွေးမျက်ခုံးမွေးအပါအဝင်အရာအားလုံးဟာ ထိုလူသားကိုအကြည့်မလွဲနိုင်အောင်ဆွဲဆောင်မှုရှိလွန်းတယ်။
ဘောင်းဘီအိပ်ကပ်ထဲလက်နှစ်ဖက်ထည့်ထားပြီးကုမ္မဏီထဲကိုခြေလှမ်းဝင်လိုက်သည်။အလုပ်သမားတွေကိုတော့ထွေထွေထူးထူးနှုတ်ဆက်မနေတော့။
အရင်ကထက်အရာအားလုံးပြောင်းလဲသွားပြီ။မပြောင်းလဲလို့လဲမရ အချိန်ကား၂နှစ်ခန့်ရှိပြီ၊

အချိန်က အရာအားလုံးကိုကုစားသွားမှာပါဆိုတဲ့စကားက သူ့အတွက်တော့မမှန်ချင်၊
သူ့ပုံစံသာပြောင်းသွားမယ် သူ့နှလုံးသားကတော့တစ်ဦးတည်းသောမြတ်နိုးရသူ'အသဲ'ထံ၌နစ်မြုပ်နေဆဲ။

ကာရံမရှိသည့်အတောအတွင်းသူအရာအားလုံးကိုပြောင်းလဲဖို့ဆုံးဖြတ်ခဲ့သည်။အင်္ဂလန်မှာပညာတော်သင်သွားတတ်ပြီးလုပ်ငန်းပိုင်းဆိုင်ရာတွေကိုလေ့လာခဲ့သည်။အန်တီခင်နှင်းရည်နဲ့အသင့်အတင့်ပြန်ပြေလည်ခဲ့တယ်။ရှိန်နဲ့တော့ညီကိုအရင်းတွေသာတော်စပ်သည်နှစ်ယောက်ကတော့တွေ့တာနဲ့ရန်ဖြစ်ဆဲပင်။သူ့dadကလဲနောင်တတွေရကာ အရာအားလုံးကိုခဝါချပြီးမာနထောင်လွှားခြင်းလဲမရှိတော့ပေ။သူလဲdadနဲ့အဆင်ပြေနေပါပြီ။ဒီနေ့က အချိန်၂နှစ်ကြာပြီးမှကုမ္မဏီကိုရှိန်နှင့်သူအတူဦးစီးဖို့ရောက်လာခဲ့တာဖြစ်သည်။

My possession doctor (Completed)Where stories live. Discover now