ခွမ်းး
"ဘာဖြစ်တာလဲ"
"ဟင်....."
"ဟာ လက်ရှသွားပြီ အသဲရာဘာဖြစ်နေတာလဲ လာလာဒီကို အတန်းသွားခါနီးကြီးကိုကွာ နှမော်နှမဲ့နဲ့"
မနက်ပိုင်းအတန်းသွားခါနီ ကာရံကသူကြိုထားသည့်နွားနို့ကိုနိဒါန်းသောက်ဖို့ဖန်ခွက်နဲ့ထည့်ယူလာတာဖြစ်သည်။လမ်းတစ်ဝက်တွင်ရှိသေး ဖန်ခွက်လွတ်ကျကွဲပြီးကာရံလက်ထိသွားတာဖြစ်သည်။ကာရံကိုကုတင်ပေါ်ထိုင်ခိုင်းပြီးသူကတော့ဆေးသေတ္တာသွားယူကာ ဆေးထည့်ပေး၏
"ဘယ်လိုဖြစ်တာလဲ"
"ရုတ်တရက်မို့လန့်သွားတာ"
"အင်းပါ ဟိုဟာတော့မောင်ရှင်းလိုက်တော့မယ်"
ကာရံကိုဆေးထည့်ပေးပြီးတော့ လွတ်ကျသွားတဲ့ဖန်ကွဲစတွေနဲ့နွားနို့တွေကိုနိဒါန်းကသန့်ရှင်းရေးလုပ်ပေးနေသည်။ဘာလို့မှန်းမသိကာရံစိတ်ထဲလေးလံနေသလိုခံစားရသည်။ဖန်ခွက်လေးလွတ်ကျတာဆိုပင်မဲ့သူ့စိတ်ထဲတစ်ခုခုဖြစ်တော့မယ်လို့ခံစားနေသည်။
အိမ်မှာအလုပ်တွေအကုန်ပြီးလာတော့နှစ်ယောက်သားအတန်းကိုယ်စီသွားကြရသည်။ပထမဆုံးအတန်းတက်တဲ့နေ့က့ဖစ်ခဲ့တဲ့အဖြစ်အပျက်ကြောင့် နိဒါန်းကသူ့ကိုစောစောပို့စောစောကြိုလုပ်နေတော့သည်။မဟုတ်ရင်"သူငယ်ချင်းဆိုတဲ့ကောင်နဲ့လိုက်သွားမှာဆိုးလို့"တဲ့။
ဒီနေ့တော့အတန်းပြီးပြီမို့ နှစ်ယောက်သားအိမ်ပြန်လမ်းမှာcoffee cafe
တစ်ခုဝင်ကာမုန့်စားနေလိုက်သည်။တီ.... တီ....
"hello..."
ကာရံဖုန်းကရုတ်တရက်ထမြည်လာသည်မို့ကိုင်လိုက်တော့အရင်နေခဲ့သည့်အိမ်ဘေးက ကောင်လေးဖြစ်နေသည်။ဖုန်းကိုင်ပြီးပြီးချင်းကာရံမျက်နှာဖြူစုတ်သွားကာ ဖုန်းတောင်လွတ်ကျမတတ်ဖြစ်သွား၏နိဒါန်းလဲသူ့ရှေ့ကဘာဖြစ်သွားမှန်းမသိတဲ့ကာရံနားတိုးကပ်သွားကာ
"ဘာဖြစ်တာလဲ ဟမ် မောင့်ကိုပြောစမ်းပါစိတ်ပူရအောင်လို့မလုပ်နဲ့"
"အိမ် အိမ် အိမ်ကိုသွားရအောင်အမြန်ငါ့အဖေ အဖေက!"
"ဟမ် အန်ကယ်ဘာဖြစ်....အင်းအင်း သွားကြမယ်နော် လာ"
YOU ARE READING
My possession doctor (Completed)
Lãng mạn❗️Unicode & Zawgyi❗️ ဆယ်ကျော်သက်အရွယ်မှာကျွန်တော့်နှလုံးသားကိုပထမဆုံးလှုပ်ခတ်စေသူက ခင်ဗျားပါမင်းကာရံညို #နိဒါန်းသခင် မောင်နဲ့ငါက တစ်ယောက်ကိုတစ်ယောက်မချစ်ခဲ့သင့်ဘူး #မင်းကာရံညို 🔞warning🔞‼️ ဆယ်ကျော်သက်အရွယ်မှာကျွန်တော့်နှလုံးသားကိုပထမဆုံးလှုပ်ခတ်စေသ...