P-18(Unicode)

2.4K 91 1
                                    

လောကအလင်းရောင်ကိုပေးစွမ်းတဲ့နေမင်းကြီးဟာ တစ်ရွေ့ရွေ့နဲ့တောင်တန်းများနောက်ကိုဝင်ကာ ကွယ်ပျောက်သွားလေပြီ။

ညအမှောင်ကျရောက်လာသည်နှင့် လေထုက တစ်ဖြည်းဖြည်းအေးစက်စပြုလာသည်။
ကာရံက အေးလာသည်နှင့် နိဒါန်းရင်ခွင်ထဲအတင်းတိုးဝင်လာသည်။
နိဒါန်းလဲ ကာရံကိုယ်လေးကို ခြုံစောင်အသေးစားနဲ့လွှမ်းခြုံပေးလိုက်ပြီး ရင်ခွင်ထဲထည့်ကာ ဖက်ထားပေးလိုက်သည်။

ကာရံကအိပ်ပျော်နေကာ နိဒါန်းကတော့မှေးရုံပဲမှေးနေလိုက်သည်။

ခဏနေတော့ ကားက ရုတ်တရက်ဘရိတ်ထအုပ်ကာ ရပ်လိုက်သဖြင့် ကားပေါ်ရှိခရီးသည်များ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြသည်။

"ဟေ ဘာဖြစ်တာလဲကားက"

"ဘာဖြစ်တာတုန်း ကားဆရာ"

"ဘာဖြစ်တာလဲကွ"

ကားပေါ်ရှိခရီးသည်တို့မှတစ်ယောက်တစ်ပေါက်နှင့်ပြောဆိုနေကြပြီး ကာရံကလဲ လန့်နိုးလာသဖြင့် နိဒါန်း ကာရံကိုခဏထားခဲ့ပြီးကားဆရာဆီထွက်လာခဲ့လိုက်သည်။

"ဘာဖြစ်တာလဲ ကားဆရာ"

"မသိပါဘူး ငါ့တူရာ ကားက ရုတ်တရက်ထရပ်သွားတာပဲ အားလုံးပဲခရီးသည်တို့ ကားချို့ယွင်းမှုအချို့ရှိနေလို့ကျွန်တော့်ကြည့်လိုက်ပါအုန်းမယ်"

"ဟာ"

"ဟယ် ...ဒုက္ခပါပဲတော်"

ခရီးသည်တွေလဲ ညီးညူကြ၊အပြစ်တင်ကြနှင့်တစ်ချို့ယောကျာ်းလေးတွေမှာကားအောက်ကိုဆင်းကာ ကားဆရာကိုကူညီဖို့ပြင်ဆင်ကြသည်။ထိုအထဲတွင်နိဒါန်းလဲပါသွားသည်မို့ ကာရံကစိတ်မချကာ နောက်ကလိုက်သွားဖို့ပြင်တော့ ခရီးသည်ထဲမှ ဆယ်ကျော်သက်အရွယ်ကောင်လေးက ကာရံနားရောက်လာသည်။

"အကို"

"ဟင်"

"ကျွန်တော် အပေါ့သွားချင်လို့ ဘေးမှာလဲတောတွေဆိုတော့တစ်ယောက်ထဲကြောက်လို့အကိုလိုက်ခဲ့ပါလား"

"ဟေ အေး သွားရအောင်လေ"

ကာရံလဲ ကောင်လေးနဲ့အတူကားအောက်ဆင်းလာပြီး လမ်းဘေးရှိတောထဲကိုသွားရသည်။
တစ်ချို့ခရီးသည်တို့ကလဲ ကားအောက်ဆင်းကာ အပေါ့သွားသူသွား၊ပတ်ဝန်းကျင်လေ့လာသူက လေ့လာနှင့် ကားပြင်တာဝင်ကြည့်သူများကကြည့်နေကြသည်။

My possession doctor (Completed)Where stories live. Discover now