မနက်ခင်းရဲ့နေက ထွက်လုနီးနီးပေ။ကာရံသည်လည်း မနက်စာပြင်ဆင်ပြီးသည့်အချိန်နှင့်ကွက်တိ၊ဉီးနိုင်ကတော့ သူ့မိတ်ဆွေ ဉီးကြည်နှင့် စီးပွားရေးကိစ္စမြို့ပေါ်တက်သွားကာ အိမ်မှာကာရံနဲ့နိဒါန်း၂ယောက်ကလွဲ ကျန်သည့်လူမရှိပေ။
"နိဒါန်း မနက်စာစားရအောင်"
"ဟုတ် လာပြီ အသဲ"
နိဒါန်းက ကာရံပြင်ပေးသည့် ပဲပြုတ်ဆီစမ်းထမင်းကို အဝစားသည်။စားပြီးသည်နှင့် လယ်ထဲဆင်းရန် အဝတ်အစား ခမောက် ဖိနပ်စသည့် အသေးစိတ်ကအစ ကာရံကပြင်ပေးရသည်။နိဒါန်းကို ဖလန်ထည် နက်ပြာကွက်ကို လက်ခေါက်တင်ပေးနေရင်း
"နေ့လည်ထမင်းလာပို့မယ်နော်"
"ဟုတ်အသဲ ကျုပ်စောင့်နေမယ်"
"အင်း သွားတော့"
"အသဲက ဒီတိုင်းလွှတ်တော့မို့လား ကျုပ်ကိုတစ်ခုခုမပေးချင်ဘူးလား"
"ဟမ် ဘာကြီးလဲ"
"ဟိုဟာလေ Morning kissလေ ဉီးနိုင်လဲမရှိဘူး ပေးလေဗျာ"
"ဟာ မင်းတော့နော် သွား အလုပ်သွားတော့"
ကာရံရှက်ပြီး အတင်းနှင်လွှတ်တော့မှ နိဒါန်းမှာ တစ်ဟားဟားနှင့် အော်ရယ်ပြီး အိမ်မှထွက်သွားတော့သည်။
ကာရံလဲသူထွက်သွားတော့မှလုပ်စရာရှိသည့်အလုပ်များကိုလုပ်ရတော့သည်။.......................................
"နဒီတို့ကလဲ ကြာလိုက်တာ"
"စိတ်ရှည်မှပေါ့ ချာတိတ်ရ မကြာခင်ရောက်လာကြမှာပဲကို"
"ဒါမဲ့အခုက"
"အော် ဟိုမှာ ပြောရင်းဆိုရင်းရောက်လာကြပြီ"
သူငယ်ချင်းတွေမတွေ့ဖြစ်တာကြာ၍အကုန်စုပြီးတွေ့ဖို့ချိန်းလိုက်ပေမဲ့ ခြွင်းချက်အနေနဲ့ နိဒါန်းနဲ့ကာရံကမပါပေ။အခုသူငယ်ချင်းတွေကလဲ သူတို့နှစ်ယောက်ကိုဆက်သွယ်ကြည့်ဖို့အတွက် အကုန်တိုင်ပင်ပြီးလာကြတာဖြစ်သည်။
ရှိန်နဲ့ရှိုင်းက အတူတူလာကာ နဒီနဲ့သဒ္ဒါနဲ့က အတူတူလာတာဖြစ်သည်။"sorryရှိုင်းတို့ လမ်းမှာကားပိတ်နေလို့"
"အင်း ထိုင်ကြ"
YOU ARE READING
My possession doctor (Completed)
Romansa❗️Unicode & Zawgyi❗️ ဆယ်ကျော်သက်အရွယ်မှာကျွန်တော့်နှလုံးသားကိုပထမဆုံးလှုပ်ခတ်စေသူက ခင်ဗျားပါမင်းကာရံညို #နိဒါန်းသခင် မောင်နဲ့ငါက တစ်ယောက်ကိုတစ်ယောက်မချစ်ခဲ့သင့်ဘူး #မင်းကာရံညို 🔞warning🔞‼️ ဆယ်ကျော်သက်အရွယ်မှာကျွန်တော့်နှလုံးသားကိုပထမဆုံးလှုပ်ခတ်စေသ...