P-10(Unicode)

3.5K 116 0
                                    

လင်းကြက်တွန်သံ၊ငှက်ကလေးတွေရဲ့အသံ၊နိဗ္ဗာန်ဆော်သြသံ စသည့်အသံမျိုးစုံတို့သည် မိုးလင်းနေပြီဆိုတာကို ကိုယ်စားပြုလေသည်။နိဒါန်းနိုးလာတော့ ဘေးမှာအတူအိပ်ခဲ့သည့် ကာရံကရှိမနေ။နိဒါန်းလဲ နိုးလာပြီဖြစ်၍အိပ်ယာသိမ်း၊မျက်နှာသစ် စသည့် မနက်တိုင်းလုပ်ရိုးလုပ်စဥ်တွေကိုလုပ်လိုက်သည်။အားလုံးပြီးမှ အိမ်ရှေ့ကိုထွက်လာလိုက်သည်။အိမ်ရှေ့က ကွပ်ပျစ် အကျော်တွင် ကာရံက ထင်းမီးဖိုနှင့် ထမင်းအိုးတည်နေတာဖြစ်သည်။ဦးနိုင်ကိုတော့ မတွေ့မိ။

"အော် နိုးလာပြီလား နိဒါန်း မနက်စာစားမယ်မှတ်လား အဲ့မှာခဏထိုင်စောင့်နေနော်"

နိဒါန်းလဲ ခေါင်းသာငြိမ့်ပြလိုက်ပြီး ကွပ်ပျစ်မှာပဲဝင်ထိုင်နေကာ ကာရံလုပ်သည့်အရာများကိုထိုင်ကြည့်နေလိုက်သည်။ခဏနေတော့ ဦးနိုင်က ပြန်လာကာ လက်ထဲမှလဲ ပဲပြုတ်ထုပ်နှင့်ဖြစ်သည်။

"ဟော ကောက်ကွေးနိုးပြီပေါ့"

"ဟုတ်တယ်ဗျ"

"အေး မနေ့ညကအိပ်လို့အဆင်ပြေရဲ့လား"

"ဟုတ်ပြေပါတယ် ဦးနိုင်"

ဦးနိုင်က နိဒါန်း အနားလျှောက်လာကာ ပဲပြုတ်ထုပ်ကို ကွပ်ပျစ်ပေါ်ချပြီး ဘေးနားရှိရေနွေးခြမ်းကို တစ်ကျိုက်မော့သည်။ပြီးမှ ကာရံဆီပြန်သွားကာ ထမင်းအိုးကိုနှစ်ယောက်သားဝိုင်းကြည့်နေကြသည်။နိဒါန်းလဲ သူတို့က အလုပ်လုပ်နေပြီးသူက ထိုင်နေရသည်မို့ မနေနိုင်စွာမေးလိုက်မိသည်။

"ကျွန်တော်ဘာကူရမလဲ ဦးနိုင်"

"အေး ကူမယ်ဆို နောက်ဖေးမှာငါတို့စားဖို့ပန်းကန်တွေသွားယူချေ"

နိဒါန်းအိမ်နောက်ဖေးကို ဝင်လာကာ ပန်းကန်စင်မှ ပန်းကန်ပြား၃ချပ်နှင့် ပဲပြုတ်ထည့်ဖို့ပန်းကန်လုံးတစ်လုံးယူပြီးအိမ်ရှေ့သို့ထွက်လာခဲ့လိုက်သည်။နိဒါန်းအိမ်ရှေ့ရောက်တော့ ကာရံတို့က ထမင်းအိုးကို ကွပ်ပျစ်ပေါ်တောင်တင်ပြီးနေပြီဖြစ်သည်။ကာရံက နိဒါန်းလက်ထဲမှ ပန်းကန်တွေကိုဆွဲယူကာ ထမင်းတွေခူးထည့်သည်။နိဒါန်းကပဲပြုတ်ကိုသက်သက်ထည့်မည်ထင်သော်လည်း ထိုသို့မဟုတ်။ကာရံက ပဲပြုတ်တွေကို ထမင်းတွေထဲပါတစ်ခါထဲထည့်တာဖြစ်သည်။

My possession doctor (Completed)Where stories live. Discover now