P-7(Unicode)

3.7K 131 2
                                    

ဦးကြီးမြတ်ဟန်ချီက ည၈နာရီသူ့အလုပ်ခန်းထဲလာခဲ့ဖို့ပြောသည်မို့ ကာရံလည်းရေချိုးပြီးသည်နှင့် ထွက်လာခဲ့တာဖြစ်သည်။နိဒါန်းကတော့ အခန်းထဲမှာဂိမ်းဆော့နေတာမို့ ကာရံထွက်လာတာကိုဘာမှမပြော။ကာရံ အန်ကယ့်ရဲ့အလုပ်ခန်းရှေ့ရောက်တော့တံခါးကိုခေါက်လိုက်သည်။

"ဝင်ခဲ့ ကောင်လေး"

အန်ကယ်ကအထဲကနေ လှမ်းပြောသည်မို့ ကာရံလဲဝင်လာလိုက်သည်။

"ထိုင်ပါအုန်း ကောင်လေး"

"ဟုတ်"

အန်ကယ့်အလုပ်စားပွဲရှေ့က ထိုင်ခုံတွင်ကာရံဝင်ထိုင်လိုက်သည်။အန်ကယ်က ကာရံကိုသေချာကြည့်ကာ စကားစသည်။

"ဒီနေ့ ဆရာဝန်ကြီးနဲ့သွားတွေ့တော့ နိဒါန်းအခြေအနေဘယ်လိုတဲ့လည်း"

"သူအခြေအနေကောင်းလာပါတယ် အန်ကယ် အရင်ကထက်လဲ စိတ်ရှည်လာပါတယ်"

"ပုံမှန်ကောသွားရဲ့လား"

"ဟုတ်ကဲ့ သွားပါတယ်"

"အင်း မင်းဒီမှာလုပ်တာ၂လကျော်ပြီနော် ၆လပြည့်ရင် မင်းတက်ချင်တဲ့ဆေးကျောင်းပြန်တက်ခွင့်ရမယ် ဒီမှာလဲ လုပ်စရာမလိုတော့ဘူး"

အဲ့လိုဆိုတော့ကာရံရင်ထဲ တစ်ခုခုကိုအလိုမကျဖြစ်မိတာတော့အမှန်ပင်။ဆေးကျောင်းပြန်တက်ခွင့်ရမှာကို ပျော်ပေမဲ့ သူတစ်ခုခုကိုဝမ်းနည်းနေသလိုခံစားမိနေတာဖြစ်သည်။

"မနက်ဖြန် မင်းအဖေရှိသွားရမဲ့ရက်နော်ကောင်လေး"

"ဟုတ်ကဲ့ အန်ကယ် ကျေးဇူးပါ"

"အင်း မင်းအဖေကိုလဲအန်ကယ်တို့က ဆရာဝန်ကြီးတွေနဲ့တစ်ပတ်တစ်ခါသွားကုသပေးနေပါတယ်"

"ဟုတ်ကဲ့ ကျွန်တော့်ကို အဖေဖုန်းဆက်ပြောပါတယ် အဖေက အန်ကယ့်ကိုတွေ့ချင်နေတာ"

"သူအန််ကယ်ကိုသိပါတယ် သူသိပါတယ်"

"ဗျာ အဖေနဲ့အန်ကယ်ကသိတာလား"

"ဟုတ်တယ် ငါ့အကြောင်းမင်းအဖေကိုတော့သွားမပြောပြနဲ့အုန်း အန်ကယ်အားတဲ့နေ့မှသွားတွေ့လိုက်မယ်"

အန်ကယ်နဲ့အဖေက သိနေသည်တဲ့။ကာရံဖြင့်ယုံတောင်မယုံချင်ပါ။အန်ကယ်ကသူဌေးသား။ရုပ်ရည်ကလဲ ချောမောပြီး အန်ကယ့်ပုံစံက မထီမဲ့မြင့်ပုံစံဖြစ်သည်။ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ဒီဇိုင်းနဲ့ပေါ့။ဖေဖေကျတော့ကော ဖေဖေက ဆင်းရဲတယ်။အန်ကယ်လိုသိပ်မချောပေမဲ့ ဖေဖေကခန့်သည်။တည်ကြည်သည်။အန်ကယ်လို လူမျိုးတွေဆိုဖေဖေက ကြည့်မရဖြစ်သည်။ဒါကြောင့် ဖေဖေနဲ့အန်ကယ်ကသိနေတယ်ဆိုတာကို ကာရံမယုံချင်တာဖြစ်သည်။ဖေဖေ့ကိုမေးချင်ပေမဲ့ အန်ကယ့်အပြောကြောင့်ကာရံအခုလတ်တလောတော့ ဘာမှမသိသလိုနေတာအကောင်းဆုံးဖြစ်မည်ထင်ပါသည်။

My possession doctor (Completed)Where stories live. Discover now