P-3(Unicode)

4.5K 163 1
                                    

''ဖေဖေ သားဒါကိုလက်ခံချင်တယ် နော် ဖေဖေသားကိုလုပ်ခွင့်ပေးပါ''

''မရဘူး မင်းကာရံညို''

''ဖေဖေကလဲ''

ကာရံအလုပ်ကိစ္စဖေဖေ့ကိုပြောခဲ့ပေမဲ့ဖေဖေကလက်မခံခဲ့ပေ။ကာရံမနေ့ထဲက ပြောနေတာအခုချိန်ထိ ဖေဖေက အလုပ်သွားလုပ်မည့်ကိစ္စကိုသဘောမတူပေ။ဒီနေ့ ဟိုလူကြီးကို အလုပ်လက်ခံမခံအဖြေ ပြန်ပေးရမည်ဖြစ်၍ကာရံလဲ လောနေခြင်းဖြစ်သည်။ဖေဖေကကာရံကို သူစိမ်းတွေအိမ်မှာစိတ်မချလို့မလွှတ်တာမှန်းသိပေမဲ့ နှစ်ဦးနှစ်ဖက်လုံးအတွက်အဆင်ပြေသည်မို့ကာရံတော့အလုပ်ကိုလက်ခံချင်မိတာအမှန်ပင်ဖြစ်သည်။

''ဖေဖေ သားကိုစိတ်မချဘူး''

''ဖေဖေရယ် သားကအရွယ်ရောက်နေပါပီ ပီးတော့သားပြုစုပေးရမဲ့သူက သားထက်ငယ်တယ်တဲ့ဖေဖေ့ရဲ့ အာ့တာကြောင့်မို့ ရလောက်မှာပါဖေဖေရယ် သားလဲဆေးကျောင်းပြန်တက်ခွင့်ရမဲ့အပြင် ဖေဖေ့ကိုပါ သူတို့ကဆေးကုပေးမှာလေ နော်ဖေဖေ လုပ်ပါဖေဖေရယ်''

''ဟင်းးးဖေဖေလက်မခံချင်ပေမဲ့သားကဒီလောက်ထိ စိတ်အားထက်သန်နေမှတော့ သဘောတူရတော့မှာပေါ့ကွာ''

''တကယ်လား ဖေဖေ''

''အေး တကယ်ပေါ့ကွ ဟိုမှာလိမ်လိမ်မာမာနေနော်ငါ့သား''

''ဟုတ်ကဲ့ပါ ဖေဖေ ဒါဆိုသားသူတို့ဖုန်းဆက်ရင် အလုပ်လုပ်မဲ့အကြောင်းပြောလိုက်တော့မယ်နော်''

''အေးပါအေးပါ''

ဒေါ်ခင်နှင်းရည်တစ်ယောက် အိမ်၏ထမင်းစားခန်းထဲတွင် သားငယ်ထမင်းစားဖို့ပြင်ပေးနေသည်။သားငယ်က ခဏနေဆို ဆင်းလာတော့မှာဖြစ်သည်။

ဒုန်း ဒုန်း

''သခင်လေး ဆင်းလာပြီ သခင်မကြီး''

''အေးအေး ငါလုပ်ပေးထားတာလို့မပြောနဲ့နော် တော်ကြာသားငယ်ထမင်းမစားပဲနေအုန်းမယ်''

''ဟုတ်ကဲ့ပါ သခင်မကြီး''

နိဒါန်းထမင်းစားဖို့အပေါ်ထပ်က ဆင်းလာလိုက်သည်။မနက်စာဆင်းမစားထား၍ဗိုက်ကအတော်စာနေပေပြီ။ထမင်းစားခန်းထဲရောက်တော့ ဟိုမိန်းမကြီးက အဲ့ထဲက ထွက်လာတာမြင်သည်။နိဒါန်းလဲ ရန်မဖြစ်ချင်၍ မသိချင်ယောင်ဆောင်ကာနေလိုက်သည်။

My possession doctor (Completed)Where stories live. Discover now