P-15(Unicode)

3.1K 94 2
                                    

ဒီကနေ့ နံနက်ခင်းက သူ့အတွက်တော့ပျော်စရာနေ့တစ်နေ့ရဲ့အစဖြစ်လိမ့်မည်။
သူမနေ့က ကာရံကိုချစ်ရေးဆိုလိုက်မိသည်။
သူ့အထင်တော့ အသဲကသူ့ကိုငြင်းလိမ့်မည်မထင် ငြင်းခဲ့သည်ရှိသော် သူမရရအောင်ထပ်ကြိုးစားရလိမ့်မည်ပင်။
သူ့ကိုယ်သူတောင်အံ့သြမိသည်ကအမှန်။သူ့ဘဝမှာသူနဲ့လိင်တူ ယောကျာ်းလေးတစ်ယောက်ကိုချစ်မိလိမ့်မည်လို့မထင်ခဲ့ရိုးအမှန်။ သို့သော် သူနောင်တမရမိပေ သူ့ချစ်ခဲ့မိသည်က သူ့ဘဝမှာအလိုအပ်ဆုံးလူသားဖြစ်သည့် ကာရံဖြစ်နေလို့ သူဒီလူသားကိုချစ်မိလို့ နောင်တတရားဟူ၍မရှိပေ။

"ချစ်တယ် ချစ်လိုက်တာ အသဲရာ"

မနက်ခင်း အိပ်ယာထဲမှမထဘဲ ပါးစပ်ကနေအော်ပြောနေတဲ့ နိဒါန်းရဲ့အသံကို ကာရံအိမ်ရှေ့မှနေ၍ကြားနေရသည်။သူလဲတကယ်ရှက်မိသည်။
ဒီအရွယ်ထိ ဘဝတစ်သက်တာ တစ်လျှောက်
တစ်ယောက်ယောက်၏ချစ်ရေးဆိုခြင်းကိုမခံရဖူးသလို သူကိုယ်တိုင်လဲမည်သူ့ကိုယ်မှ ချစ်ဖို့ကိစ္စမပြောနှင့် သူ့ဘဝ၏အခက်ခဲတွေကြားမှထိုကိစ္စရပ်ကို ရှာဖွေဖို့အချိန်ပင်မရှိခဲ့ပေ။

"ချစ်တယ်လို့ အသဲရေ ကြားလား ချစ်တယ်လို့"

"မင်းမရှက်ဘူးလား အိပ်ယာထဲကမထွက်ပဲဘာတွေလျှောက်အော်နေတာလဲ လူကြားလို့မှမကောင်း"

"မသိဘူးဗျာ ချစ်တယ်အသဲ မောင့်ကိုလာခေါ်"

"ဟမ်"

ဂွမ်းးး

သူ့ကိုယ်သူသုံးလိုက်တဲ့ နာမ်စားကြောင့် ကာရံလက်ထဲမှာကိုင်ထားတဲ့ ထမင်းပေါင်းအိုးတောင်လွှတ်ကျသည်အထိ လန့်သွားရသည်။ဘာတဲ့'မောင်'တဲ့လား။

"ဟမ် ဘာဖြစ်တာလဲအသဲ"

နိဒါန်းလဲ ပစ္စည်းတွေလွှတ်ကျသံကြားမှ အိပ်ယာထဲက ကုန်းရုန်းထကာ ကာရံဆီပြေးလာတော့သည်။

"ဘာဖြစ်တာလဲလို့"

"မင်းကြောင့်လေ မင်းဘာတွေလျှောက်အော်ပြောနေတာလဲ"

"အော် မောင်လို့ပြောလိုက်လို့လား"

"အင်း"

"ဟောဗျာ အသဲရာ ဘာဖြစ်လို့လဲ မောင်ကအသဲထက်ငယ်တယ်လေ အဲ့တော့ ယဥ်ယဥ်ကျေးကျေးနဲ့ကိုယ့်ကိုကိုယ်'မောင်'လို့သုံးတာလေ ကဲပြော မောင်မှားလား"

My possession doctor (Completed)Where stories live. Discover now