Uni
"လွှတ်..ငါ့ကိုလွှတ်...မင်းတို့ငါ့ကိုဘယ်ခေါ်လာကြတာလဲ"
လွန်းရဲ့ခေါင်းက အိတ်အမဲဖြင့်စွပ်ခံထားရပြီး...လက်နှစ်ဖက်က ကြိုးဖြင့်တုပ်ခံထားရကာ လူနှစ်ယောက်က ချုပ်ထားသည်။ လွန်းထင်တာက သူတို့ရဲစခန်းကိုခေါ် သွားကြမယ်လို့..
ဒီလိုခေါင်းစွတ်ပြီးဖမ်းပုံထောက်ရင်တော့ ငါ့ကိုသတ်ပစ်တော့မယ်ထင်တယ်!
'ချီး...အသက်ငယ်ငယ်လေးနဲ့ မသေချင်သေးဘူး'
"ဖမ်းခေါ်လာခဲ့ပါပြီ..Boss!"
ထိုသူများက လွန်းခေါင်းကိုစွပ်ထားတာကိုဖယ်ပေးလိုက်သည်။ ထိုအခါ ဧည့်ခန်းဆိုဖာပေါ်ခြေချိတ်ထိုင်နေတဲ့ သူ၏ ရန်သူတော်ကိုလွန်းတွေ့လိုက်ရသည်။
"ခလွမ်း!.."
မှိုင်းညို့ သူသောက်နေတဲ့အရက်ခွက်ဖြင့် ဘေးမှနံရံကိုပစ်ခွဲလိုက်သည်။
"မင်းတို့သူ့ကိုလွှတ်လိုက်စမ်း..သူနဲ့ခပ်ခွာခွာနေ!"
ထိုအလှလေးဘေးမှာ တခြားယောင်္ကျားရှိတာ သူမလိုချင်ဘူး!
လွန်းကအလွန်ကြောက်သွားတော့သည်။ 'ဒီဘဲ ကြမ်းတယ်ဟ'
အကုန်လုံးကနောက်ဆုတ်လိုက်ကာ လွန်းကိုသာထားခဲ့ကြသည်။
"ထွက်ပြေးချင်တယ်ပေါ့လေ..!."
လွန်းဘာမှမပြောပဲခေါင်းသာငုံ့ထားလိုက်သည်။ 'ဘယ်လိုပြောရမလဲအကြံထုတ်စမ်း'
"အဟက်...လွန်းမဟာရှိန်းမြတ်!..တစ်ကောင်ကြွက်..တက္ကသိုလ်ကျောင်းသား! ဘားမော်ဒယ်"
မှိုင်းညို့က လွန်းရဲ့အချက်လက်အမှန်များကို တစ်ခုချင်းပြောလိုက်သည်။
"ကိုယ်မင်းကိုရွေးချယ်စရာထပ်ပေးမယ်! ကိုယ့်ရဲ့အရုပ်လုပ်မလား၊အသေခံမလား..."
လွန်းက မှိုင်းညို့ဆီလျှောက်သွားလိုက်ကာ ခြေချိတ်ထားတဲ့ မှိုင်းညို့ပေါ်တက်ခွထိုင်လိုက်ပြီး မှိုင်းညို့နားဆီကပ်ကာ
"ဒါလင်ရဲ့အရုပ်လေးလုပ်မယ်.."
မှိုင်းညို့နားကိုလျှာဖြင့်လျှက်ကာပြောလိုက်သည်။ လွန်းရဲ့လက်မှကြိုးကမဖြေရသေးပေ။
