Uni
"ဟူး..ပင်ပန်းလိုက်တာ..."
ညဘက်ဆိုင်သိမ်းချိန်၌ လွန်းကညည်းညူလိုက်သည်။
'ဒီနေ့လို တစ်ခါမှ လူမများဖူးဘူး....သေတော့မလိုပဲ့..""မင်းပင်ပန်းရင် အိမ်ထဲဝင်တော့လေ..ကိုယ်သိမ်းလိုက်မယ်."
"ဟမ့်...ခင်ဗျားအမြန်သိမ်း သိမ်းပြီးမှဝင်မယ်.."
"ပြီးရော.."
ကလင်!
"ဟမ်ဘယ်သူတွေလဲ..."
"မလှုပ်ကြနဲ့.!.."
ဆိုင်ထဲသို့ မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်စု ဝင်လာတာဖြစ်သည်။
"လွန်း..ကိုယ့်အနောက်မှာနေ.."
ဆိုင်၌ လွန်းနဲ့ မှိုင်းညို့သာရှိတာဖြစ်သည်။ မှိုင်းညို့လူတွေက ပြန်သွားပြီဖြစ်သည်။ သူတို့က တစ်နာရီကြာမှ တစ်ခါလာကြည့်တာဖြစ်သည်။ ခနနေတော့ ရောက်လာတော့မှာဖြစ်သည်။
"ပိုက်ဆံတွေဘယ်မှာလဲ...!!"
ခေါင်းဆောင်လို့ထင်ရတဲ့သူက ဓားဖြင့် မှိုင်းညို့တို့ဆီချိန်ကာ မေးလိုက်သည်။
"မင်းတို့ကဘာတွေလဲ..."
မှိုင်းညို့က ထိုသူကို အေးစက်စက် စိုက်ကြည့်ကာမေးလိုက်သည်။
"တော်တော် လျှာရှည်ပါလား ဟျောင့်တွေ...ပညာပေးလိုက်.."
လူ ၁၀ ယောက်လောက်က မှိုင်းညို့ဆီချီတက်လာတော့သည်။ မှိုင်းညို့က ဘေးမှ ထိုင်ခုံကိုယူကာ ထိုသူတွေဆီပစ်ထည့်လိုက်သည်။ ထို့နောက် သူ့ဆီ ဝင်လာတဲ့သူတွေကို ဆော်တော့သည်။
လွန်းက သူ့ဆီလာတဲ့သူတွေကို ထိုင်ခုံ ယူကာ ပစ်ထုတ်သည်။
"လာစမ်းခွေးကောင်တွေ.."
ခေါင်းဆောင်ဆိုသူက လွန်းကိုကြည့်ကာ ဖြည်းဖြည်းချင်းတိုးကပ်လာသည်။
'ဒါမှ သူတို့ရဲ့ အဓိက ပစ်မှတ်ဖြစ်သည်။'"ခွပ်..ဒုန်း..ဗုန်း!"
မှိုင်းညို့လည်းတော်တော်ထိနေပြီဖြစ်သည်။ လူအများကြီးနဲ့ တစ်ယောက်မို့ တော်တော်ခုခံနေရသည်။
"ဗုန်း.."
လွန်းကကိုယ်ခံပညာ နည်းနည်းတတ်တာမို့ ရသလောက်ခုခံထားသည်။
![](https://img.wattpad.com/cover/355602508-288-k165211.jpg)