Uni
"ဗျာ..အမြွှာ!!! ဟုတ်လား.."
မှိုင်းညို့တို့ လင်မယားက ဆေးရုံလာကာ Ultrasound လာရိုက်ကြတာဖြစ်သည်။
'ဗိုက်က ပုံမှန်ထက်ပိုပူနေတာမဆန်းတော့ပါဘူး အမြွှာလေးရှိနေတာကို!!'
"လွန်း..ကိုယ်အရမ်းပျော်တာပဲ့ ကိုယ့်မှာ ကလေးနှစ်ယောက်တောင်တစ်ပြိုင်တည်းရမှာ.."
မှိုင်းညို့က အလွန်စိတ်လှုပ်ရှားပျော်ရွှင်နေပြီး ဆွံအနေတဲ့လွန်းလက်ကိုကိုင်ကာပြောလိုက်သည်။
လွန်း အံ့ဩလွန်းလို့ စကားတောင်မပြောနိုင်ပါပေ။ ခွေးသွေးနှစ်ကောင် မဟုတ်ဘူး ကလေးနှစ်ယောက်!!!
"အဟမ်း!! ဂုဏ်ပြုပါတယ် လိုအပ်တာတွေကို ဆက်ရှင်းပြပေးသွားပါ့မယ်.."
သူ့ကိုမရှိသလိုသဘောထားနေကြတဲ့စုံတွဲကို ဆရာဝန်က ချောင်းဟန့်ကာသတိပေးလိုက်သည်။
.....
"လွန်း...လွန်း.!"
"ဟမ်..ဟင်.."
"ဘာဖြစ်နေတာလဲ..နေမကောင်းလို့လား.."
ဆေးရုံမှကတည်းက ငြိမ်နေကာ စကားမပြောတော့တဲ့ လွန်းကို မှိုင်းညို့ မေးလိုက်သည်။
မှိုင်းညို့က လွန်းလက်ကိုဆွဲကာ ဧည့်ခန်းဆိုဖာပေါ်ထိုင်လိုက်ပြီး လွန်းကို သူ့ပေါင်ပေါ်ထိုင်စေသည်။
"ဘာမှမဖြစ်ပါဘူး..လွန်း..လွန်းကြောက်လို့ပါ..."
မှိုင်းညို့က လွန်းကို ခပ်တင်းတင်းဖက်လိုက်ပြီး..
"မကြောက်နဲ့လွန်း...ကိုယ်ရှိတယ်လေ..ကိုယ်က လွန်းကို အထိခိုက်ခံမှာ မဟုတ်ဘူး..ပြီးတော့ ကိုယ်ဒီနေ့ကစပြီး လွန်းကိုပဲ့အဖော်ပြုပေးမယ်...ကိုယ့်အလုပ်တွေအကုန် အိမ်သယ်ပြီးတော့လုပ်မယ်..နော့်"
မှိုင်းညို့က ဟန်ဆောင်ကာ အားပေးစကားပေးနေပေမဲ့ သူလည်းအရမ်းကို စိုးရိမ်ရပါသည်။ ကိုယ်ဝန်က အမြွှာလေးဖြစ်တာကြောင့် လွန်းတစ်ခုခုဖြစ်မှာ....
"ဒါလင်ကိုကျေးဇူးတင်ပါတယ် လွန်းအစိုးရိမ်လွန်သွားလို့နေမှာပါ.."