Part 22(end)🌷🖤

9.2K 122 1
                                    

Uni

"မနက်ဖြန်အတွက် စိတ်လှုပ်ရှားနေလား.."

"အွန်းနည်းနည်း.."

လွန်းကလေးမွေးဖို့အတွက် နိုင်ငံခြားရောက်နေကြတာဖြစ်သည်။

"မကြောက်နဲ့နော် ကိုယ်ရှိတယ် ကိုယ်မင်းကို လုံးဝအထိခိုက်ခံမှာမဟုတ်ဘူး.."

"ဟုတ်..ဒါလင်..."

မှိုင်းညို့က လွန်းကိုပွေ့ဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။

....

"Boss စိတ်အေးအေးထားပါ.."

ဂနာမငြိမ်ဖြင့် ခွဲစိတ်ခန်းအရှေ့တွင် သွားလိုက်လာလိုက် လုပ်နေတဲ့ Boss ကိုရိုင်ယန်ပင်ဝင်ပြောလိုက်ရသည်။

"ဒီအချိန်မှာ စိတ်အေးနေတဲ့ကောင်က အရူးပဲ့ဖြစ်ရမယ်.."

ရိုင်ယန်က ဘာမှမပြောနိုင်တော့ပဲ ပါးစပ်ပိတ်ထားလိုက်ရသည်။

အနည်းငယ်ကြာသည်နှင့် ဆရာဝန်ထွက်လာကာ..

"ကလေးကိုအောင်မြင်စွာ မွေးနိုင်ခဲ့ပါပြီ ယောင်္ကျားလေးနှစ်ယောက်ပါ..."

"လွန်း.သူတို့အဖေကရော.."

မှိုင်းညို့က လွန်းကိုသာ စိတ်ပူနေတာကြောင့် စကားဖြတ်ကာ အမြန်မေးလိုက်သည်။

"ဟုတ်ကဲ့..မေ့ဆေးပေးထားလို့ မေ့နေတုန်းပါရှင့်.."

ဆရာဝန်မလေးကဝင်ပြောပေးလိုက်သည်။

......

"လွန်း...ကိုယ်တို့ကလေးလေးတွေက ချစ်ဖို့ကောင်းလိုက်တာကွ.."

မှိုင်းညို့ကမေ့နေတဲ့သူရဲ့လက်ကိုကိုင်ကာ ‌ပြောလိုက်သည်။

ကလေးနှစ်ယောက်ကတော့ ပုခက်လေးထဲအိပ်ပျော်နေကြသည်။

"အင့်.."

"လွန်း..!..နိုးပြီလား.."

"အွန်း..ဒါလင်.."

မှိုင်းညို့က ချက်ချင်းကုတင်ပေါ်တင်ပါးလွှဲထိုင်ကာ လွန်းကိုပွေ့ဖက်လိုက်သည်။

"ရွှတ်..ရွှတ်.."

"အင်း..ကိုယ်လေ..မင်းယောင်္ကျား..အမြွှာလေးတွေရဲ့အဖေ.."

Do you want to kill meWhere stories live. Discover now