Uni
မနက်မိုးလင်းတာနဲ့ လွန်းနိုးသောအခါ မှိုင်းညို့ကိုမတွေ့ရတော့ပေ။ သူ့ဘေးမှအိပ်ယာက နွေးနေတုန်းဖြစ်တာကြောင့်ထသွားတာမကြာသေးဘူးဆိုတာသိလိုက်ရသည်။ သူ့အောက်ပိုင်းကတော့အလွန်ပင်နာကျင်နေကာ မနည်းအားယူကာထလိုက်ရသည်။
သူ့ကိုယ်ကိုသန့်စင်ပြီးတာနဲ့ အောက်ထပ်သို့ဆင်းလိုက်သည်။
ထမင်းစားအခန်း၌ မှိုင်းညို့က ကော်ဖီသောက်နေတာကိုတွေ့လိုက်ရသည်။<<ခွေးကောင်..သူကျဇိမ်နဲ့ နှပ်နေတယ် ငါတော့နာလို့သေတော့မယ်>>
"နိုးပြီလား"
"ဟုတ်ကဲ့.."
"ကိုယ့်အပေါ်လာထိုင်.."
"ဘာ..ဘာလုပ်ဖို့လဲ.."
"မရှည်နဲ့..လာထိုင်ဆိုလာထိုင်.."
လွန်းကစိတ်တိုစွာဖြင့်မှိုင်းညို့ပေါ်တက်ထိုင်လိုက်သည်။
"ဘာစားမလဲ.."
"အဆင်ပြေတာရပါတယ်.."
"သူ့ကို..မနက်စာသေချာပြင်ပေးပြီး..ယူလာခဲ့.."
"ဟုတ်ကဲ့ပါ..သခင်ကြီး.."
"နာနေသေးတာလား.."
<<ဘယ်လိုမေးလိုက်တာလဲ ခွေးကောင်ရ နာတာမှ သေတော့မယ်ချီး..!>>
"ဟင်...!"
ထမင်းစားခန်းကိုရောက်လာတဲ့ ဆုခြည်က ထိုမြင်ကွင်းကြောင့်လန့်သွားတော့သည်။
"အကိုကြီး..!သူကဘယ်သူလည်း.."
"မင်းဘာလို့အဲလောက်အော်နေရတာလဲ.."
"သူကဘယ်သူလဲအကိုကြီး..."
"ကျစ်! သူကအခုငါနဲ့တွဲနေတဲ့သူ ငါ့ချစ်သူပဲ့မှတ်ထား.."
"ဘယ်လို..!ဒီ ဒွိလိင်ကောင်ကလား..."
"မင်းဘယ်လိုပြောနေတာလဲ...စကားကိုဆင်ခြင်ပြော.."
"အကိုကြီးသူက ဘားမှာ အလုပ်လုပ်တဲ့ ကောင်လေးပဲ့ ဒီလိုလူမျိုးက အကို့ချစ်သူလား...ပြီးတော့ အကိုကြီးမှာ စေ့စပ်မဲ့သူရှိတယ်နော်..."
ဒုန်း!
မှိုင်းညို့ကစားပွဲပေါ်ရိုက်ချလိုက်သည်။
