Part 10🔞

11.8K 114 1
                                    

Uni

မှိုင်းညို့ကမှိုင်းညို့က လွန်းကို မင်းသမီးလေးလိုပွေ့ချီကာ ခေါ်သွားတော့သည်။

မှိုင်းညို့ကိုယ်ပေါ်မှနေကာ လွန်းက နှင်းမြအေးနှင့် မှိုင်းညို့အမေကို အောင်နိုင်သူ အပြုံးပြုံးပြခဲ့သေးသည်။

မှိုင်းညို့အမေဒေါ်သူဇာက အလွန်ဒေါသထွက်သွားကာ

"မြေခွေးလိုကောင်!!"

လို့ပြောလိုက်သည်။

'စောင့်ကြည့်နေလိုက်စမ်းပါ ကိုကိုက ငါ့အပိုင်ပဲ့ဖြစ်ရမယ်!'

နှင်းမြအေးက စိတ်ထဲမှ ကြိမ်းဝါးကာ ပြန်သွားတော့သည်။

.............................

အခန်းထဲရောက်တာနဲ့ လွန်းကို ကုတင်ပေါ်ချပေးကာ ဆေးဘူးရှာလိုက်သည်။

"အရမ်းနာနေလား..."

တကယ်တော့ နှင်းမြအေး တွန်းလိုက်တာက ဖွဖွလေးပေမဲ့ မှိုင်းညို့ကိုမြင်လိုက်တာကြောင့်သူ့ဘာသာ ထိုင်ချလိုက်တာဖြစ်သည်။ တင်ပါးကတော့တော်တော် အောင့်တက်သွားသည်။

'ဟွန့် ငါ့ကို ရန်စလို့ရတယ်လို့ ဘယ်သူပြောလဲ..လွန်းဆိုတဲ့ငါက ဘယ်သူအနိုင်ကျင့်တာမှ ခံမှာမဟုတ်ဘူး နှစ်ဆပြန်ခံရအောင်လုပ်ပြမယ်!'

"နာတယ်..!"

"အင်း..ကိုယ်ဆေးလိမ်းပေးမယ်.."

မှိုင်းညို့ကို အိမ်အကူမလေးက ဖုန်းဆက်လာတာကြောင့် အစည်းဝေးဖျက်ကာ ထထွက်လာရသည်။ ဒါပေမဲ့ သူလာတာနောက်ကျသွားသည်။ သူ့ရဲ့ လွန်းက ထိခိုက်သွားလေပြီ။

"ခင်ဗျား..လွန်းကိုလွှတ်ပေးပါ..လွန်းခင်ဗျားအနားမှာ မနေချင်ဘူး.လွန်းဒီလိုအပြောမခံနိုင်ဘူး"

"ဘာ..!"

မှိုင်းညို့က လွန်းမေးရိုးကို
ဖျစ်ညှစ်လိုက်ကာ

"နောက်တစ်ခါ ဒီလိုစကားမျိုး ထွက်မလာစေနဲ့ မင်းသူတို့နဲ့ ထပ်တွေ့စရာ မလိုအောင် လုပ်လိုက်မယ်!..ကြားလား"

"ဒါပေမဲ့..ခင်ဗျားမှာ စေ့စပ်မယ့်သူရှိနေတယ်လေ...လွန်းတို့ရဲ့
မသေချာမရေရာတဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပစ်သင့်ပြီလို့ထင်တယ်!!"

Do you want to kill meWhere stories live. Discover now