Uni
လွန်းနိုးသောအခါသူ့ရဲ့ ပူစီလေးက ဟနေကာ အနည်းငယ်နာကျင်နေသည်။
"အာ့...ဘာလို့ပါလိမ့်.."
အခန်းကတိတ်ဆိတ်နေကာ လိုက်ကာ ပိတ်ထားတာကြောင့်မှောင်နေသည်။
'ဟိုလူကြီး အိမ်ပြန်မအိပ်ဘူးထင်တယ်..ဟမ့်! ဘာမှမမျှော်လင့်တော့ဘူး ငါတစ်ခုခုကြံစည်မှဖြစ်တော့မယ်'
လွန်းစိတ်ထဲမှ တွေးလိုက်သည်။
သူကိုယ်လက်သန့်စင်ကာ အောက်ဆင်း သွားလိုက်သည်။ အောက်ထပ်၌လည်းတိတ်ဆိတ်နေကာ အိမ်အကူမလေးသာ သန့်ရှင်းရေးလုပ်နေသည်။
"အော်အကိုလေး..သခင်ကြီးက နိုင်ငံခြားကို အလုပ်ခရီး အရေးတကြီးသွားပါတယ်..၃ရက်လောက်ကြာမယ်လို့ပြောပါတယ်...."
"အင်း..သိပြီ.."
"ဒါဆို မနက်စာ သုံးဆောင်လို့ရပါပြီ အကိုလေး.."
"အကိုလေး အပြင်မှာ ဧည့်သည်ရောက်နေပါတယ်.."
လွန်းမနက်စာ စားနေစဉ် ခြံစောင့်က လာပြောသည်။
"ဘယ်သူတဲ့လဲ.."
"သခင်ကြီးရဲ့ အမေလို့ပြောပါတယ်..ပြီးတော့ ဘေးက မိန်းကလေးတစ်ယောက်လည်းပါတယ်"
"ဝင်လာခိုင်းလိုက်.."
လွန်း ဧည့်ခန်းတွင်ထိုင်ကာ ဧည့်သည်များကိုကြိုဆိုလိုက်သည်။
"အမလေးတော် ငါ့သား ပါဝါနဲ့ တော်တော်ကောင်းစားနေပါလား.."
မှိုင်းညို့အမေက အိမ်ထဲရောက်တာနဲ့ ထိုင်တောင် မထိုင်ပဲ ပြောတော့သည်။ နှင်းမြအေးက တော့မျက်နှာပျက်ကာ ဝင်လိုက်လာသည်။
'ကိုကိုက ဒီလိုအိမ်ကြီးနဲ့တောင် ဒီကောင်လေးကို ထားတာတဲ့လား..'
"ထိုင်ပါအန်တီ.."
လွန်းပြုံးကာ ယဉ်ကျေးစွာဖြင့်ပြောလိုက်သည်။
"ဟမ့်! ထိုင်ဖို့လာတာမဟုတ်ဘူး မင်းကို ငါ့သားဆီက နေထွက်သွားဖို့လာပြောတာ.."
"အိုး..လွယ်လွယ်တော့ ဘယ်ရမလဲ.."
"မင်းဘယ်လောက်လိုချင်လဲ တို့ကိုပြော ကိုကိုအနားကထွက်သွားမယ်ဆို ဘယ်လောက်ဖြစ်ဖြစ်ပေးမယ်.."
