Uni
"ဘာ!"
"Boss ပြောခိုင်းတာပြောပြီးပြီမို့ ကျွန်တော် ပြန်လိုက်ပါအုံးမယ်..."
ရိုင်ယန်စကားကြောင့် ဦးမိုးအောင် သွေးတောင်တက်သွားသည်။ အကြောင်းကတော့ မှိုင်းညို့က အတူတူတွဲလုပ်နေတဲ့
ပရော့ဂျက်မှ နှုတ်ထွက်လိုက်ပြီပင်။ မှိုင်းညို့က စာချုပ်ပါအကြောင်းရာများအတိုင်း အကုန်ပြန်လျော်ပေးခဲ့သည်။"နှင်းမြအေး!!!"
ရိုင်ယန်က သူ့သမီးရဲ့လုပ်ရပ်များကို ပြောခဲ့တာကြောင့် ဒေါသထွက်စွာအော်ခေါ်လိုက်သည်။
"ဖေဖေ.."
"မင်းလာခဲ့စမ်း!! မင်းဘယ်လိုလုပ်လိုက်တာလဲ အခုအကုန်သွားပြီ..မင်းကျားကိုမှ သွားနှိုးတာပဲ့..ဟမ်"
"အဖေ သမီးဘာလုပ်လို့လဲ.."
"ဘာလုပ်လို့လဲဟုတ်လား...မင်းလူမိုက်အဖွဲ့ငှားပြီး လုပ်ကြံခဲ့တာဆို..ဟုတ်လား.!!!."
"အဖေ..သမီး.."
ဖျတ်!!!
"အဖေ!!!!"
"ရှင်!သမီးကိုဘာလို့လက်ပါနေရတာလဲ.."
ဦးမိုးက သူ့သမီးပါးကိုရိုက်ထည့်ပလိုက်တာဖြစ်သည်။
"မင်း သမီးက လင်တရူးနေတာလေ..အသိတရားတောင်မရှိတော့တာ ဟိုကဘယ်လိုလူမျိုးလဲ ဆိုတာတောင်မသိပဲလိုချင်နေသေးတယ်...မင်းကိုသတ်ပြီး လက်စမဖျောက်တာကံကောင်း..!!!"
"သမီးက..."
"တော်စမ်း ဘာစောက်သံမှမထွက်နဲ့ မင်းကိုတစ်လအပြင်ထွက်ခွင့်ပိတ်တယ်.."
"ရှင်.သမီးကို."
"မပြောနဲ့!!! ငါပြောရင် ရှေ့ကကာကာပြီးတော့ အခုဒီလိုဘဝမျိုး ရနိုင်ဖို့မသေချာတော့ဘူးဆိုတာ ခေါင်းထဲရိုက်သွင်းထားကြ..တောက်စ်!!!"
ဦးမိုးက ပြောကာ အပြင်ထွက်သွားတော့သည်။
...…...........
ဆေးရုံကဆင်းတာနဲ့ လွန်းက မှိုင်းညို့အိမ်ကိုသာလိုက်သွားတော့သည်။ သူ့မုန့်ဆိုင်လေးကိုတော့ ဝန်ထမ်းကောင်မလေးဆီအပ်ခဲ့သည်။