Part 12🔞‼️

9.4K 121 0
                                    

Uni

"မောင်ရင်ကထူးချွန်လိုက်တာ    ကွယ့်. မောင်ရင်နဲ့အလုပ်တွဲလုပ်ရတာ တကယ်ကိုအဆင်ပြေတယ်...."

"အဲလောက်လည်းမဟုတ်ပါဘူးဗျာ.."

"ဦးတို့အိမ်ကို ညစာစားဖို့ လိုက်ခဲ့မလား..ဦးသမီးကလည်း
မောင့်ရင်ကိုတွေ့ချင်နေလို့.."

"ဒီတစ်ခေါက်တော့...."

"ဦးမိုးနဲ့ ကိုမှိုင်းညို့ ဘာတွေပြောနေကြတာလည်းဗျာ"

"ကိုမင်းအောင်.."

မှိုင်းညို့က ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။

"ထွေထွေထူးထူး မဟုတ်ပါဘူး မင်းအောင်ရယ် ဒီက မှိုင်းညို့ကို ညစာလိုက်စား ဖို့အိမ်ခေါ်နေတာပါ.."

" ကောင်းတာပေါ့ဗျာ ဒါကတကယ်ကို ပိုရင်းနှီးမှုကို ပြနေတာပဲ့..သွားကြပါဗျာ..ကိုမှိုင်းညို့ လိုက်သွားလေဗျာ.."

မှိုင်းညို့က အကျပ်တည်းထဲသို့ရောက်သွားကာငြင်းမရတော့ပေ။ ဘေးမှ စီးပွားရေးလုပ်ငန်းရှင်များက အခြေနေကိုအကဲခတ် နေတာဖြစ်သည်။

"ကောင်းပါပြီ ဦးမိုး ကျွန်တော်လိုက်ခဲ့ပါ့မယ်.."

"အေးကွယ့်..သွားကြရအောင်.."

...........................

(စီးပွားရေးလုပ်ငန်းရှင်ကြီးဦးမှိုင်းညို့ဝေဟာ သူ့ရဲ့သတို့သမီးလောင်းနဲ့ ဈေးဝယ်ထွက်!)

ဖက်ထုပ်လေး:(ဝိုးးတကယ်အတည်ပြုလိုက်ကြပြီလား!)

အချစ်ဦးမရှိဘူး:(ငါ့အသဲတွေကွဲပါပြီ(⁠╥⁠﹏⁠╥⁠))

Mi Mi:(လိုက်ပါတယ်)

လင်လိုချင်တယ်:(သဘောမတူဘူးး)

Moe Moe:(Congratulations 🎉)

အချစ်စစ်ကိုရှာနေသူလေး:(ငါ့အိပ်မက်ကြီး ပျက်စီးသွားပြီ)

ကြောင်တွေကိုပဲ့ချစ်တယ်:(အားးတကယ်ကြီးလား)

ကိုကိုတွေကိုပဲ့ကြိုက်တယ်:(မိန်းကလေးကိုအားကျလိုက်တာ..)

အိပ်နေတယ် စကားမများနဲ့:(တကယ်ဟုတ်လို့လား သတင်းအမှား မဖြစ်နိုင်ဘူးလား)

ဦးမှိုင်းညို့ဝေနှင့် နှင်းမြအေးတို့ရဲ့ နှစ်ယောက်အတူတူသွားနေကြတဲ့ပုံတွေ တင်ထားတာဖြစ်သည်။ post အောက်တွင်တော့ အမျိုးမျိုးဝေဖန်ကာ ပြောနေကြသည်။

Do you want to kill meWhere stories live. Discover now